ပုသိမ် ၊ ဩဂုတ် ၂၀
ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ပြေးခုန်ပစ်အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)တွင် ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုယ်စားပြု အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်အား ပြေးခုန်ပစ်အားကစား ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်၊ နည်းပြ၊ အားကစားသမားများက တစ်ဦးချင်းမိတ်ဆက် တင်ပြခဲ့ပြီး အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ တိုင်းဒေသကြီးကိုယ်စားပြု ပြေးခုန်ပစ်အသင်းအား ကြိုတင်ပြင်ဆင် စုစည်းမှုကောင်းကောင်းဖြင့် ရရှိသည့်အချိန်တွင် စခန်းသွင်း လေ့ကျင့်မှုများကို ပြုလုပ်ခဲ့ခြင်းကြောင့် ရလာဒ်ကောင်းများ ရရှိမည်ဟု မျှော်လင့်ပါကြောင်း၊ ပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့် မျှော်မှန်းထားသည့် ဆုတံဆိပ်များ ရရှိအောင် ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း၊ ပြေးခုန်ပစ် အားကစားနည်းတွင် ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများအား အုပ်ချုပ်၊ နည်းပြများ အနေဖြင့် စနစ်တကျ သင်ကြားလေ့ကျင့်ပေးလျက်ရှိရာ အောင်မြင်မှုများရရှိပြီး ဆုတံဆိပ်များ ရရှိအောင် စွမ်းဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အသင်းအုပ်ချုပ်သူ၊ နည်းပြ၊ အားကစား သမားများအနေဖြင့် မိမိတို့အသင်း အောင်မြင်မှုရရှိအောင် ကြိုးစားယှဉ်ပြိုင်သွားကြရန်လိုပါကြောင်းနှင့် အောင်မြင်မှုများ ရရှိပါစေကြောင်း” အမှာစကား များ ပြောကြားပြီး တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
လှမင်းထွဋ်
https://t.me/MyanmarNationalPost
No comments:
Post a Comment