ရွှေတောင်၊ သြဂုတ်-၂၃
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် အတွင်း လူမှုဝန်ထမ်းဦးစီးဌာနမှ တည်ထောင်ခွင့်ပြုမိန့်ရရှိထားသော မူလတန်းကြို ကျောင်းများအား ပြည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မို့မို့အေးနှင့် ရွှေတောင်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိမိချိုတို့က ရွှေတောင်မြို့နယ်အတွင်းရှိ တည်ထောင်ခွင့်ပြုမိန့်ရရှိထားသော မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မူလတန်းကြိုကျောင်း ၊ အမှတ်(၁) အထည်စက်ရုံ မူလတန်းကြို ကျောင်းနှင့် အမှတ်(၁၄) ခြေလျင်တပ်ရင်း မူလတန်းကြိုကျောင်းများသို့ သွားရောက်၍ ကလေးများ၏ လစဉ်ဖွံ့ဖြိုးတိုးတက်မှု၊ အာဟာရ ဖြည့်စွက်စာ ကျွေး မွေးမှု၊ သင်ကြားနည်း (၄)ရပ် နှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းမှု ရှိ၊မရှိ အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment