ကောင်းမွန်သောစီမံမှုလုပ်ထုံးလုပ်နည်း ကျင့်သုံးရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းစည်းဝေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကောင်းမွန်သောစီမံမှုလုပ်ထုံးလုပ်နည်း ကျင့်သုံးရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းစည်းဝေး


နေပြည်တော်၊ ဩဂုတ် ၂၃

(ASEAN Economic Community–AEC) အေအီးစီ ၂၀၂၅ အတွက် အာဆီယံစီးပွားရေး အသိုက်အဝန်းဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရေးကော်မတီမှ ဖွဲ့စည်းပေးထားသော “ကောင်းမွန်သောစီမံမှု လုပ်ထုံးလုပ်နည်းကျင့်သုံးရေး (Good Regulatory Practice – GRP) ဆိုင်ရာ လုပ်ငန်းကော်မတီ” ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ ကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဦးစွာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက အာဆီယံစီးပွားရေးအသိုက်အဝန်း လမ်းပြမြေပုံ ၂၀၂၅ တွင်ပါရှိသော လုပ်ငန်းများဆောင်ရွက်နိုင်ရန် လုပ်ငန်းကော်မတီ (၂၂) ရပ်ကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ဖွဲ့စည်းထားရှိရာ “ကောင်းမွန်သောစီမံမှု လုပ်ထုံးလုပ်နည်းကျင့်သုံးရေး (Good Regulatory Practice – GRP) ဆိုင်ရာလုပ်ငန်းကော်မတီ” သည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီအနေဖြင့်လည်း GRP ဆိုင်ရာလုပ်ငန်းစီမံချက်အရ GRP ရည်မှန်းချက်များ ပြည့်မီအောင်ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းစီမံချက်ပါ အဓိကလုပ်ငန်းကြီး (၄) ရပ်တွင် ပြဋ္ဌာန်းဖော်ပြထားသည့် ဦးစားပေးနယ်ပယ်များနှင့် မဟာဗျူဟာများကို အချိန်နှင့်တစ်ပြေးညီ သတ်မှတ် အချိန်ကာလများအတိုင်း ဆောင်ရွက်သွားကြခြင်းဖြင့် နိုင်ငံအတွင်း Good Governance ၊ e-Government ၊ Stakeholders Engagement ကိစ္စရပ်များ တိုးတက်လာ စေမည်ဖြစ်ပြီး GRP အလေ့အထများ တည်ထောင်ထားခြင်းဖြင့် လုပ်ထုံးလုပ်နည်းများကြောင့် ဖြစ်ပေါ်လာရသော အခက်အခဲများကိုလျှော့ချပေးကာ ပိုမိုကောင်းမွန်ပြီး ထိရောက်မှုရှိသော စီမံမှုလုပ်ထုံးလုပ်နည်းများနှင့် အုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းစဉ်များ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ရာ သက်ဆိုင်ရာဝန်ကြီးဌာန/ ဦးစီးဌာနများအလိုက် လက်ရှိဆောင်ရွက်လျက် ရှိသည့်လုပ်ငန်းစဉ်များ ပိုမိုတိုးတက်ကောင်းမွန်လာစေနိုင်သည့် အကျိုးရလဒ်ကောင်းများ ရရှိစေနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် GRP အလေ့အထများ ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် အာဆီယံဒေသတွင်း ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်လာနိုင်မည်ဖြစ်ပြီး ကုန်သွယ်မှုများ ပိုမိုလွယ်ကူလျင်မြန်ချောမွေ့လာကာ ဒေသ၏ စီးပွားရေးတိုးတက်မှုကို များစွာအထောက်အကူ ပြုလာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီအဖွဲ့ဝင်ဌာနများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြပြီး ကော်မတီဝင်များ၏ အကြံပြု ဆွေးနွေးမှုများအပေါ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးက ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)