နေပြည်တော်၊ သြဂုတ် ၂၂
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၃,၄၀၀ ဝန်းကျင်ဖြင့် အမေရိကန်ဒေါ်လာ ၉၉ သန်းကျော် ထုတ်ရောင်းထားကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ဗဟိုဘဏ်မှ ဩဂုတ်လ ၁၅ ရက်နေ့တွင် တစ်ဒေါ်လာ ကျပ် ၃,၄၀၀ ဖြင့် ဒေါ်လာ ၉ ဒသမ ၄၈၉ သန်းနှင့် ဩဂုတ်လ ၁၉ ရက်နေ့တွင် တစ်ဒေါ်လာ ကျပ် ၃,၄၁၀ ဖြင့် ဒေါ်လာ ၈၉ ဒသမ ၉၇၅ သန်း ထုတ်ရောင်းပေးခဲ့ပြီး နှစ်ရက်အတွင်း စုစုပေါင်း ဒေါ်လာ ၉၉ ဒသမ ၄၅၇ သန်း ထုတ်ရောင်းပေးထားခြင်း ဖြစ်သည်။
ဗဟိုဘဏ်၏ နိုင်ငံခြားငွေကြေးဈေးကွက်တွင် ယခင်က ဒေါ်လာ သန်းဆယ်ချီသာ ရောင်းချပေးမှု ရှိခဲ့သော်လည်း ယခုအကြိမ်သည် သန်းရာချီနီးပါးဖြင့် ပမာဏအများဆုံး ထုတ်ရောင်းပေးခြင်း ဖြစ်သည်။
ဗဟိုဘဏ်အနေဖြင့် ဩဂုတ်လ ပထမ ရက်သတ္တပတ်တွင်လည်း စက်သုံးဆီ၊ စားသုံးဆီနှင့် ဆေးဝါး ကဏ္ဍများအတွက် FX Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၅ သန်းနှင့် တရုတ်ယွမ် ၅ သန်း ရောင်းချပေးထားသည်။
ပြီးခဲ့သည့်ရက်သတ္တပတ်တွင်လည်း စက်သုံးဆီ၊ စားသုံးဆီနှင့် အခြားအရေးကြီးကုန်စည်များအတွက် ဒေါ်လာ ၆ သန်း၊ ယွမ် ၅ သန်းနှင့် ထိုင်းဘတ် ၁၀ သန်း ထပ်မံရောင်းချပေးထားကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment