မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်ရှိ ဝန်ထမ်းများအား မြန်မာ့အာမခံလုပ်ငန်းမှ အသက်အာမခံဆိုင်ရာအကြောင်း အသိပညာပေးဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်ရှိ ဝန်ထမ်းများအား မြန်မာ့အာမခံလုပ်ငန်းမှ အသက်အာမခံဆိုင်ရာအကြောင်း အသိပညာပေးဆွေးနွေး





မန္တလေး၊  ဩဂုတ် ၉


မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်ရှိ ဝန်ထမ်းများအား မြန်မာ့အာမခံလုပ်ငန်းမှ အသက်အာမခံဆိုင်ရာအကြောင်း အသိပညာပေးဆွေးနွေးခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ တက္ကသိုလ်ရှိ သီရိရတနာခန်းမတွင် ကျင်းပခဲ့သည်။


အဆိုပါ အသိပညာပေးဆွေးနွေးခြင်းအခမ်းအနားသို့ မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာတင့်တင့်၊ ဒုတိယပါမောက္ခချုပ်များ၊  ပါမောက္ခ(ဌာနမှူး)များ၊ စီမံအရာရှိများ၊ ဌာနခွဲ၊ ဌာနစိတ်တာဝန်ခံများ၊  ဆရာ ဆရာမများနှင့် ဝန်ထမ်းများ၊ မြန်မာ့အာမခံလုပ်ငန်းမှ တိုင်းမန်နေဂျာနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာ့အာမခံလုပ်ငန်း၊ တိုင်းမန်နေဂျာ ဒေါ်နီနီအေးက  မြန်မာ့အာမခံလုပ်ငန်းအကြောင်းနှင့် လုပ်ငန်းဆောင်ရွက်နေမှုများ၊ အသက်အာမခံဆိုင်ရာအကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်းနှင့် အသက်အာမခံနှင့်ပတ်သက်၍ သိလိုသည်များကိုလည်း ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။


ထွန်းထွန်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)