ရေကြည်၊ ဩဂုတ် ၂၂
၂၀၂၄-၂၀၂၅ ခုနှစ် ရေကြည်မြို့နယ်အတွင်း ငဝန်မြစ်ရေ မြင့်တက်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဝင်နစ်မြုပ်ခဲ့သည့် တောင်သူများအား မိုးစပါးပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် မျိုးစပါးနှင့် ဓါတ်မြေဩဇာ သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲကို အခမ်းအနားကို ယမန်နေ့ မွန်းလွှဲ(၂) နာရီခွဲအချိန်က စိမ်းလဲ့ရေကြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်အေးက ရေကြီးနစ်မြှုပ်၍ ထိခိုက်ပျက်စီး သွားသော လယ်ယာမြေများအား ပြန်လည်စိုက်ပျိုးဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးချုပ်နှင့်တကွ တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းအသီသီး ထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်အေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ရေကြီးနစ်မြှုပ်ကျေးရွာအုပ်စုများမှ တောင်သူ(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment