မကွေးတက္ကသိုလ်၌ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲကော်မရှင်ဆိုင်ရာဥပဒေ၊ နည်းဥပဒေအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတက္ကသိုလ်၌ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲကော်မရှင်ဆိုင်ရာဥပဒေ၊ နည်းဥပဒေအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ




မကွေး ၊  ဩဂုတ် ၂၈


ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် ဒီမိုကရေစီအသိနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ ဘာသာစကား၊ အတွေးအခေါ်၊ ဓလေ့စရိုက်၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ အမျိုးသားရေးသွင်ပြင်များကို ထိန်းသိမ်းမှတ်သားလိုက်နာတတ်စေရန် ရည်ရွယ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲကော်မရှင်ဆိုင်ရာဥပဒေ၊ နည်းဥပဒေအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီတွင် မကွေးတက္ကသိုလ်၊ စာသင်ခန်းမဆောင်သစ်၌ကျင်းပရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၃၇)ဦး တက်ရောက်ခဲ့ကြသည်။


ဟောပြောပွဲတွင် မကွေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦးက အမှာစကားပြောကြားခဲ့ပြီး မကွေးတက္ကသိုလ် ဥပဒေပညာဌာန၊ ပါမောက္ခ ဒေါက်တာ နှင်းအိအိကြိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် ပါမောက္ခဌာနမှူး ဒေါက်တာခင်ဆွေဦးက ရွေးကောက်ပွဲကော်မရှင်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေအကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။


အောင်ကို(ဖန်ခါးမြေ)


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)