နေပြည်တော်၊ သြဂုတ် ၂၁
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပြည်ခိုင်ဖြိုးပါတီ ၏ ဥက္ကဋ္ဌ ဦးလှဆွေသည် သြဂုတ် ၂၀ ရက်နေ့က တပ်ကုန်းမြို့နယ်၊ အထက၂ ပညာချွန်ဆုပေးပွဲနှင့် ရခိုင်၊ ရှမ်းမြောက်၊ ကယား၊ နွားထိုးကြီး၊ တောင်သာ၊ ဒီပဲယင်း စသည့် ဒေသအသီးသီးမှ စစ်ဘေးရှောင်ကျောင်းသား/သူ ၃၄ ဦးအား စာရေးကရိယာများနှင့် ငွေကျပ်၅၀၀၀၀ စီထောက်ပံ့ခြင်း၊ တက္ကသိုလ်ဝင်အောင်မြင်သူ ၁၈ ဦးအား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀၀ စီထောက်ပံ့ခြင်း တို့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါကျောင်းတွင် ကျောင်းအကျိုးတော်ဆောင် ဦးစု၏ ဦးဆောင်မှုဖြင့် ပါတီမှ မတည်လှူဒါန်းပေးထားသည့် မတည်ငွေသိန်း၁၀၀ မှာ သိန်း၁၀၀၀ ကျော်တိုးပွားလာခဲ့ပြီး ကျောင်းသား/ကျောင်းသူများကို ပညာရည်ချွန်ဆုများ ပေးအပ်လျက်ရှိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment