ကြာသပတေးနေ့က Miyazaki ခရိုင်မှာ မဂ္ဂနီကျုဒ် ၇.၁ ရှိတဲ့ ငလျင် လှုပ်ခတ်ပြီးနောက် အဲဒီအတွက် ကိုင်တွယ်ဆောင်ရွက်ဖို့ ဂျပန်ဝန်ကြီးချုပ် Kishida Fumio ဟာ အာရှအလယ်ပိုင်း ၃ နိုင်ငံကို သွားရောက်မယ့် သူ့ရဲ့ ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။
မစ္စတာ Kishida ဟာ သောကြာနေ့က Nagasaki မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူ့ရဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။ ပြည်သူတွေအနေနဲ့ ငလျင်အတွက် ကြိုတင်ပြင်ဆင်ရေး ထပ်မံအတည်ပြုဖို့ မိုးလေဝသအေဂျင်စီက အကြံပြုထားတဲ့ ကာလ ဖြစ်တဲ့ သီတင်းတစ်ပတ်လောက် ကြာအောင် သူ ဂျပန်မှာ ဆက်ရှိနေမှာ ဖြစ်တယ်လို့ ပြောပါတယ်။ အစိုးရအနေနဲ့ သတင်းအချက်အလက်တွေကို မျှဝေရင်း အရေးပေါ်အခြေအနေကို တုံ့ပြန်ဖို့အတွက် အကောင်းဆုံး ဆောင်ရွက်သင့်တယ်လို့ သူ ဆုံးဖြတ်ထားကြောင်းလည်း ပြောပါတယ်။
မစ္စတာ Kishida ဟာ အာရှအလယ်ပိုင်းက နိုင်ငံ ၅ နိုင်ငံရဲ့ ခေါင်းဆောင်တွေနဲ့အတူ ထိပ်သီးအစည်းအဝေး ပြုလုပ်ဖို့အတွက် ကာဇက်စတန်၊ ဥဇဘက်ကစ္စတန်နဲ့ မွန်ဂိုလီးယားကို သောကြာနေ့က စပြီး သွားရောက်ဖို့ စီစဉ်ထားခဲ့ပါတယ်။ ဆွေးနွေးပွဲတွေကို အွန်လိုင်းကနေ တက်ရောက်နိုင်တဲ့ အနေအထား ဖြစ်လာခဲ့ရင် အဲဒီလို တက်ရောက်ဖွယ် ရှိပါတယ်။
Ref - NHK
#MyanmarNationalPost

No comments:
Post a Comment