ဝေါ၊ သြဂုတ် ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အိမ်နီးချင်းနိုင်ငံများတွင်ဖြစ်ပွားလျက်ရှိသော Mpox(မျောက်ကျောက်)ရောဂါအကြောင်း သိရှိနိုင်ရန် ကာကွယ်ရေးနှိုးဆော်ချက် အသိပေးဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်ပြည်သူ့ဆေးရုံ၊ ဆေးရုံဝန်းအရှေ့နှင့် မြို့နယ်စည်ပင်သာယာရေးစျေးရှေ့၊ (အ.ထ.က) ဝေါ အရှေ့ကျောင်း လူစည်ကားသည့်နေရာများတွင် စိုက်ထူထားလျက်ရှိသည်။
အဆိုအသိပေးနှိုးဆော်ချက် ဆိုင်းဘုတ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ Mpox(မျောက်ကျောက်) ရောဂါနှင့်ပတ်သက်၍ အရေးပေါ်အခြေအနေထုတ်ပြန်ချက်၊ ရောဂါလက္ခဏာများ၊ ရောဂါကူးစက်နိုင်ဖွယ်ရှိသည့် နည်းလမ်းများ၊ ရောဂါပျိုးရက်များ၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများအကြောင်း၊ ရောဂါဖြစ်ပွားပြီး နောက်ဆက်တွဲဖြစ်စဉ်များ၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းဆိုင်ရာလုပ်ငန်းများ၊ သံသယလူနာများအား သီးခြားထားရှိခြင်း၊ ကုသခြင်း၊ ကာကွယ်နိုင်မည့်နည်းလမ်းများနှင့် ရောဂါသံသယလက္ခဏာများခံစားရပါက နီးစပ်ရာကျန်းမာရေးဦးစီးဌာနသို့ အမြန်ဆုံးသတင်းပို့ရန်လိုအပ်ကြောင်း ရေးသားဖော်ပြထားလျက်ရှိကာ ပြည်သူများဝင်ရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
အောင်မြတ်လင်း
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment