Best One လက်ဖက်ရည်ဆိုင်၏ တာဝန်မဲ့ လုပ်ရပ်အား စိစစ် အရေးယူပေးပါရန် (အိတ်ဖွင့်ပေးစာ) - Myanmar National Post

Myanmar National Post

News Agency

Breaking

Best One လက်ဖက်ရည်ဆိုင်၏ တာဝန်မဲ့ လုပ်ရပ်အား စိစစ် အရေးယူပေးပါရန် (အိတ်ဖွင့်ပေးစာ)



လယ်ဝေးမြို့၊ အမှတ်(၆)ရပ်ကွက်၊ မိန်းလမ်းမကြီးဘေး Best One လက်ဖက်ရည်ဆိုင်သည် လယ်ဝေးမြို့နေ ပြည်သူများ လာရောက်စားသောက်ကြည့် ဆိုင်ဖြစ်ပါသည်။

အဆိုပါ လက်ဖက်ရည်ဆိုင်သည် မိလ္လာစွန့်ပစ်ရာတွင် စနစ်တကျ စည်ပင်ကားခေါ်၍ စွန့်ပစ်ခြင်း မပြုဘဲ လမ်းဘေးရေမြောင်းအတွင်းသို့ သွန်ချသည့် လုပ်ရပ်များ နှစ်စဉ်လုပ်ဆောင်ပါသည်။

Best One လက်ဖက်ရည်ဆိုင်မှ ထိုသို့ လုပ်ဆောင်ခြင်းကြောင့် အနီးဝန်းကျင်မှ နေအမ်များမှာ အနံဆိုးများ မည်သို့မျှ မခံစားနိုင်အောင် ကြုံတွေ့ရပါသည်။ စည်ပင်သာယာဌာနသို့ တိုင်ကြားသော်လည်း အရေးယူဆောင်ရွက်ခြင်း မရှိခဲ့ပါ။

ယမန်နေ့ညကလည်း မိလ္လာများကို လမ်းဘေးရေမြောင်းအတွင်း ဖောက်ချခဲ့ပါသည်။ ယနေ့(၄-၉-၂၀၂၄) ရက်နေ့ နံနက် အနီးဝန်းကျင်နေအိမ်များမှ အနံဆိုးများဒဏ်ကို ခံနေကြရပါသည်။

မြို့တော်စည်ပင်သာယာရေးအတွက် တာဝန်ယူဆောင်ရွက်နေသော စည်ပင်သာယာဌာန တာဝန်ရှိသူများ ယခု လာ၍ အနံ့ခံကြည့်စေလိုပါသည်။ နှာခေါင်းပိတ်ပြီး မလာရန်နှင့် ပတ်ဝန်းကျင် ပြည်သူများ ခံစားရသည့် အခြေအနေကို နားလည်သိရှိစေရန် ဖြစ်ပါသည်။

ထိုသို့ စည်းကမ်းမဲ့ လုပ်ရပ်များ လုပ်ဆောင်နေခြင်းကို အရေးယူဆောင်ရွက်ခြင်း မရှိသောကြောင့် နှစ်စဉ်ဆိုသလို Best One လက်ဖက်ရည်ဆိုင်မှ စည်ပင်နှင့်ပိုင်သည်ဆိုကာ အနီးဝန်းကျင်ရှိ ရပ်ကွက်နေပြည်သူများကို ဒုက္ခပေးနေခြင်းအား နေပြည်တော်ကောင်စီ တာဝန်ရှိလူကြီးများ သိရှိနိုင်စေရန် တင်ပြအပ်ပါသည်။


လယ်ဝေးမြို့နေ ပြည်သူတစ်ဦး

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)