ဒါကာ၊ စက်တင်ဘာ ၁၀
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးသည် ၈-၉-၂၀၂၄ ရက်၊ နံနက် ၁၁:၀၀ နာရီ မှ ၁၂:၁၅ နာရီအထိ ဒါကာမြို့အခြေစိုက် ထိုင်းသံရုံး၌ ကျင်းပခဲ့သည့် (၆၀) ကြိမ်မြောက် အာဆီယံ-ဒါကာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် အလှည့်ကျဥက္ကဋ္ဌ ထိုင်းသံအမတ်ကြီး H.E. Mrs. Makawadee Sumitmor က အာဆီယံ-ဒါကာကော်မတီ၏ ဆောင်ရွက်ပြီးသည့် အစီအစဉ်များကို ပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခြင်း၊ အာဆီယံ-ဒါကာကော်မတီ၏ လာမည့်လများအတွင်း ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များဖြစ်သည့် အာဆီယံအထိမ်းအမှတ် သစ်ပင်စိုက်ပျိုးရန်ကိစ္စ၊ ASEAN Family Day ကျင်းပရေးကိစ္စတို့အပြင် သက်ဆိုင်ရာ အာဆီယံနိုင်ငံများနှင့် အိမ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နေမှုအခြေအနေများ၊ ဒေသတွင်းနှင့် နိုင်ငံတွင်း ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment