ညောင်ဦးမြို့နယ်၌ ခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စေရေးအတွက် အဆင့်အတန်းရှိသော တည်းခိုခန်းများဖြစ်စေရေးနှင့် အရိပ်အာဝါသကောင်းမွန်ရေးတို့အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ဟိုတယ်နှင့်တည်းခိုရိပ်သာ ပိုင်ရှင်၊ မန်နေဂျာနှင့် ဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ်၌ ခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စေရေးအတွက် အဆင့်အတန်းရှိသော တည်းခိုခန်းများဖြစ်စေရေးနှင့် အရိပ်အာဝါသကောင်းမွန်ရေးတို့အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ဟိုတယ်နှင့်တည်းခိုရိပ်သာ ပိုင်ရှင်၊ မန်နေဂျာနှင့် ဆွေးနွေးပွဲ ကျင်းပ





ညောင်ဦး၊ စက်တင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်သည့်အခါ ခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စေရေးအတွက် အဆင့်အတန်းရှိသော တည်ခိုခန်းများဖြစ်စေရေးနှင့် အရိပ်အာဝါသကောင်းမွန်ရေးတို့အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ဟိုတယ်၊ တည်ခိုရိပ်သာပိုင်ရှင်များ၊ မန်နေဂျာများနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ရွှေနန်းတော်ဟိုတယ် ခန်းမ၌ ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားတွင် ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက နိုင်ငံတော်အကြီးအကဲလာရောက်ခဲ့သည့်ခရီးစဉ်တွင် လမ်းညွှန်မှာကြားခဲ့သည့် ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်သည့်အခါ ခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စေရေးအတွက် အဆင့်အတန်းရှိသော ဟိုတယ်၊ တည်းခိုခန်းများဖြစ်စေရေး၊ အရိပ်အာဝါသာ ကောင်းမွန်စေရေးတို့အတွက် ဟိုတယ်၊ တည်းခိုရိပ်သာပိုင်ရှင်များ၊ မန်နေဂျာများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။ ဆက်လက်၍ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက ညောင်ဦးခရိုင်အတွင်း ထပ်ဆင့်ရှင်းလင်းဆွေးနွေးကာ၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းဆွေးနွေးတင်ပြကြရာ၊ တက်ရောက်လာသည့် ဟိုတယ်ပိုင်ရှင်များ၊ တည်းခိုရိပ်သာပိုင်ရှင်များ၊ မန်နေဂျာများက ဆွေးနွေးအကြံပြုတင်ပြကြရာ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက ပြန်လည် ဆွေးနွေးပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးသို့ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ဟိုတယ်၊ တည်းခိုရိပ်သာပိုင်ရှင်များ၊ မန်နေဂျာများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ဒီပါလင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)