တောင်ငူ၌ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ငူ၌ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်း

 



တောင်ငူ ၊  စက်တင်ဘာ ၂၆


တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက တောင်ငူမြို့၊ အမှတ် (၁၃) ရပ်ကွက် စခန်းအမှတ်စဉ် (၂) နှင့် အမှတ်(၃)ရပ်ကွက် စခန်းအမှတ်စဉ် (၃) ရေဘေးရှောင်စခန်းများရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများ လာရောက်လှူဒါန်းသည်။


 ထိုသို့ လှူဒါန်းရာတွင် ရေဘေးသင့်ပြည်သူများအား တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေနှင့် သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းတို့က ရေဘေးရှောင်စခန်းများရှိ ရေဘေးသင့်ပြည်သူများအား ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ရေသန့်ကတ်များနှင့် အာဟာရမုန့်များကို ထောက်ပံ့လှူဒါန်းပြီး အားပေးစကားပြောကြားခဲ့သည်။


ထို့အတူ တောင်းပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်နှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ အဖွဲ့ဝင်များသည် ယမန်နေ့က တောင်ငူမြို့ အမှတ် (၂၁) ရပ်ကွက်ရှိ ရေဘေးရှောင်စခန်း အမှတ်စဉ် (၁) နှင့် အမှတ် (၁၃) ရပ်ကွက်စခန်းအမှတ်စဉ် (၃) များသို့ သွားရောက်ပြီး ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း၊ အားပေးစကားပြောကြားခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများနှင့် နေ့လယ်စာကျွေးမွေးနေမှုများအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)