သဲကုန်းမြို့နယ်တွင် တိုင်းရင်းဆေးဦးစီးဌာနမှ ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဲကုန်းမြို့နယ်တွင် တိုင်းရင်းဆေးဦးစီးဌာနမှ ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကျင်းပ



သဲကုန်း ၊စက်တင်ဘာ ၂၁


ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်​ရေးအသင်းနှင့် မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနတို့ပူးပေါင်း၍ လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေးနှင့် ရောဂါဘယကင်းစေရေးဟူသော ရည်မှန်းချက်များဖြင့် ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်  တိုင်းရင်းဆေးအကြောင်း သိကောင်းစရာဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးစောင့်ရှောက်​ရေးအသင်းဥက္ကဋ္ဌ ဒေါ်လှလှရွှေက အဖွင့်အမှာစကားပြောကြားပြီးမြို့နယ်တိုင်းရင်းဆေးဦးစီးဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးအေးမော်က တိုင်းရင်းဆေးအကြောင်း သိကောင်းစရာများ၊ တစ်ကိုယ်ရည် သန့်ရှင်းကျန်းမာရေးနှင့်၊ သက်ရှည်ကျန်းမာအောင်စားသောက်နေထိုင်နည်းစသည့် အကြောင်းအရာများ၊ မီးဖိုချောင်သုံးပစ္စည်းများ၏ ဆေးဖက်ဝင်ပုံများ၊ မိုးရာသီတွင် ခြင်ပေါက်ပွားမှုကြောင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရန်နည်းလမ်းများ၊ မိုးရာသီတွင်ဖြစ်ပွားတက်သောဝမ်းလျှော/ ဝမ်းပျက်ရောဂါများနှင့်ပတ်သက်သည့် လက္ခဏာများနှင့် ကာကွယ်ရမည့် နည်းလမ်းများအား အသိပညာ​ပေးဟောပြောခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)