တိုက်ကြီး ၊ စက်တင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ကျောင်းသားကျောင်းသူများ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများအား ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် ယာဥ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက ဂျိုးဖြူစံပြကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပကြောင်း သိရသည်။
ဦးစွာ ယာဥ်ထိန်းတပ်ဖွဲ့စု(၆၁)တပ်ဖွဲ့စုမှူး ဒုတိယရဲမှူးဇော်လင်းထွန်းက လမ်းဖြတ်ကူးသူများလိုက်နာရမည့် စည်းကမ်းများ၊ မီးပွိုင့်အချက်ပြသင်္ကေတများ၊ မော်တော်ဆိုင်ကယ်စီးနင်းရာတွင် နှစ်ဦးထက်ပိုမစီးနင်းရေး၊ ဆိုင်ကယ်စီးဦးထုပ်ဆောင်းလျှင် မေးသိုင်းကြိုးအား တင်းကြပ်စွာတပ်ဆင်ရေး၊ ကျောင်းသားကျောင်းသူများ အသက်မပြည့်ပါက ဆိုင်ကယ်မောင်းနှင်ခြင်း လုံးဝမပြုလုပ်ရန်၊ ခြေလျင်လျှောက်သူများ လိုက်နာရမည့်စည်းကမ်းများ၊ အနှေးယာဥ်စီးနင်းသူများ လိုက်နာရမည့်စည်းကမ်းများစသည့် ယာဥ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာအသိပညာပေး အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးဟောပြောသည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၁၃၅)ဦးတက်ရောက်ပြီး ယာဥ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment