ကယားပြည်နယ်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ထိခိုက်လွယ်အုပ်စုများသို့ ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ထိခိုက်လွယ်အုပ်စုများသို့ ထောက်ပံ့ငွေများပေးအပ်






လွိုင်ကော်၊ စက်တင်ဘာ ၂၆

ကယားပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ထိခိုက်လွယ်အုပ်စုများသို့ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ အဘိုးအဘွားများနှင့် ကလေးသူငယ်မိဘများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အမှာစကားပြောကြားရာတွင် “လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ပေးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းသည်လည်း တစ်ခုပါဝင်ကြောင်း၊ ပြည်နယ်အတွင်း ပရဟိတဂေဟာ(၆)ခု၊ အမျိုးသမီးပရဟိတဂေဟာ(၂)ခု တည်ထောင်ခွင့်ပြုထားပြီး ယနေ့အခမ်းအနားတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ထောက်ပံ့ငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ဂေဟာများ ဖွံ့ဖြိုးတိုးတက်ခိုင်မြဲအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပြီး တိုင်းပြည်ကိုအကျိုးပြုမည့် လူတော်လူကောင်းများမွေးထုတ်ပေးသည့် ဂေဟာများဖြစ်လာအောင် မျှော်မှန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်များထဲမှ မိခင်နှင့်ကလေး ငွေကြေးထောက်ပံ့သော အစီအစဉ်၊ လူမှုရေးပင်စင်အစီအစဉ်များကိုလည်း ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများကို လူ့အဖွဲ့အစည်းတစ်ခုလုံးက ဆက်လက်ကြိုးပမ်းဖြည့်ဆည်းပေးကြရမည်ဖြစ်ကြောင်း” စသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မဟာပုညကာရီ စေတနာ့ဝန်ထမ်း အမျိုးသမီးဂေဟာ၊ ဒေသကွပ်ကဲရေးမှူးက စိန်မာတင်ဘိုးဘွားရိပ်သာ၊ ပြည်နယ်တရားသူကြီးချုပ်က ပြည်နယ်ဘိုးဘွားရိပ်သာ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက မဟာဓမ္မဝိဟာရီ စေတနာ့ဝန်ထမ်းအမျိုးသမီးဂေဟာ ၊ လူမှုရေးရာဝန်ကြီးက ထိခိုက်လွယ်အုပ်စုများဖြစ်သည့် အသက်(၇၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် အသက်(၃)နှစ်အောက်ကလေးငယ်များအား ပေးအပ်ကြရာ သက်ဆိုင်ရာကိုယ်စားအသီးသီးတို့က လက်ခံရယူသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာကြသည့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ ၊ အဘိုးအဘွားများနှင့် ကလေးသူငယ်မိဘများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားပြီး အဘိုးအဘွားများအား ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)