လိပ်သိုမြို့တွင် စားဖိုဆောင်သီးနှံများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးစားသုံးမှု ပိုမိုများပြားလာ - Myanmar National Post

Myanmar National Post

News Agency

Breaking

လိပ်သိုမြို့တွင် စားဖိုဆောင်သီးနှံများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးစားသုံးမှု ပိုမိုများပြားလာ

 




လိပ်သို ၊စက်တင်ဘာ  ၂၈


ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့အတွင်းရှိ ဒေသခံအများစုသည်  မိမိတို့အိမ်ခြံဝင်းအတွင်း စားဖိုဆောင်သီးနှံများဖြစ်သည့် သခွား၊ ချဉ်ပေါင်၊ ဖရုံ၊ ဆလပ်၊ ကန်ဇွန်းရွက်၊ မုံညှင်း၊ ငရုတ်စသည့် စားဖိုဆောင်ဟင်းသီးဟင်းရွက်များကို ကိုယ်တိုင်စိုက်ပျိုးစားသုံးမှု  ပိုမိုများပြားလာကြောင်း သိရသည်။


ထိုသို့စိုက်ပျိုးခြင်းဖြင့် လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များကို စားသုံးရပြီး ကျန်းမာရေးနှင့်ညီညွတ်သည့်အပြင် မီးဖိုချောင်စရိတ်လည်း သက်သာစေကြောင်းသိရသည်။ “စိုက်ပျိုးဖို့ဆိုလည်း အချိန်သိပ်မပေးရဘူး၊ အိမ်မှုကိစ္စတွေလုပ်နေရင်းလုပ်လို့ရတယ်။ မျိုးအနေနဲ့လည်း အဦးအဖျား အလုံးလှ အသီးကိုမျိုးအဖြစ်ထားလိုက်ရုံပဲ၊ အိမ်ဝိုင်းထဲမှာ ဓာတုဆေးဝါးတွေမသုံးပဲစိုက်တာဆိုတော့ လတ်လတ်ဆတ်ဆတ်စားရသလို ပိုတော့လည်း ရောင်းရတာပေါ့” ဟု အမှတ် (၃) ရပ်ကွက်နေ ဒေသခံတစ်ဦးထံမှ သိရသည်။


ဒေသခံများအနေဖြင့် မိမိတို့၏အိမ်ခြံဝင်းအတွင်း မြေလွတ်နေရာများကို အလဟဿမဖြစ်စေဘဲ တစ်နိုင်တစ်ပိုင်စိုက်ပျိုးစားသုံးကြခြင်းဖြင့် ကျန်းမာရေးနှင့်လည်းညီညွတ်ပြီး  မီးဖိုချောင်စားစရိတ်လည်း  သက်သာစေသည့်အပြင် မိသားစုစားဝတ်နေရေးကို  အထောက်အကူဖြစ်ကြောင်း သိရသည်။


ခင်လေးနွယ်(လိပ်သို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)