ဇေယျာသီရိမြို့နယ်၌ ယမန်နေ့ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ဆင်သေချောင်း‌ရေနှင့် ပေါင်းလောင်းမြစ်‌ရေ မြင့်တက်လာမှုကြောင့် စည်ပင်ကြီးကျေးရွာနှင့် ချောင်းကမ်းကြီးကျေးရွာများရှိ အနိမ့်ပိုင်းနေအိမ်များအတွင်းသို့ ရေများဝင်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဇေယျာသီရိမြို့နယ်၌ ယမန်နေ့ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ဆင်သေချောင်း‌ရေနှင့် ပေါင်းလောင်းမြစ်‌ရေ မြင့်တက်လာမှုကြောင့် စည်ပင်ကြီးကျေးရွာနှင့် ချောင်းကမ်းကြီးကျေးရွာများရှိ အနိမ့်ပိုင်းနေအိမ်များအတွင်းသို့ ရေများဝင်ရောက်



ဇေယျာသီရိ၊ စက်တင်ဘာ ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်၌ ယမန်နေ့ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆင်သေချောင်း‌ရေနှင့် ပေါင်းလောင်းမြစ်‌ရေ မြင့်တက်လာပြီး စည်ပင်ကြီးကျေးရွာအုပ်စု၊ စည်ပင်ကြီးကျေးရွာနှင့် ချောင်းကမ်းကြီးကျေးရွာများရှိ အနိမ့်ပိုင်းနေအိမ်များအတွင်း ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။ 

စည်ပင်ကြီးကျေးရွာနှင့် ချောင်းကမ်းကြီးကျေးရွာသည် ပေါင်းလောင်းမြစ်အနီးတွင် တည်ရှိပြီး“ ရေက ညပိုင်းကသိပ်မတက်ဘူး ယခုနံနက်အစောပိုင်းမှ ပိုပြီးတက်လာတာ၊ ခုဆိုရင် နှစ်ရွာပေါင်း အိမ်ခြေ ၄၀၀ ခန့် နီးပါးအတွင်းရေများ ဝင်ရောက်နေပါတယ်၊ ဩဂုတ်လတုန်းကလည်း ယခုလိုရေတက်လာတာ ရေကျရုံပဲရှိသေးတယ် ယခုမိုးပြန်ရွာလာတော့ ရေကပြန်တက်လာတာ၊ ယခုတစ်ခါတက်တာ အရင်ထက်များမယ်ထင်တယ်၊ မိုးကခုထိရွာနေတယ်၊ အဓိကမြစ်နဲ့နီးတော့ မြစ်ရေတက်လာတာနဲ့ရေကဝင်တာပဲဟု” စည်ပင်ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်လင်း၏ ပြောပြချက်အရ သိရသည်။ အလားတူ စည်ပင်ကြီးအခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် အခြေခံပညာမူလတန်းကျောင်းတို့တွင် မြစ်ရေများဝင်ရောက်လာမှုကြောင့် ကျောင်းသား၊ ကျောင်းသူများအား သင်ရိုးညွှန်းတမ်းများ ပြည့်မီအောင်သင်ကြားနိုင်ရေးအတွက် ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများသို့ ခေတ္တပြောင်းရွေ့ပညာသင်ကြားပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ထွန်းလင်း(ဇေယျာမြေ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)