ဟိုပုံးမြို့နယ်တွင် ရေဘေးသင့်ပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် ကူညီကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုပုံးမြို့နယ်တွင် ရေဘေးသင့်ပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် ကူညီကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 



ဟိုပုံး ၊ စက်တင်ဘာ ၂၃


ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင်  မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် စက်တင်ဘာ ၁၁ ရက်နေ့တွင် မြို့ပေါ်ရပ်ကွက် (၆)ခုနှင့် ကျေးရွာပေါင်း (၄၀) ကျော်တို့တွင် တောင်ကျရေများ ဝင်ရောက်ခဲ့ပြီး လူနေအိမ်များ၊ စာသင်ကျောင်းများ၊ လမ်းတံတားများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ လူမှုကူညီရေးအသင်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပအလှူရှင်များဖြင့် ပူးပေါင်းကာ ရေဘေးသင့်ပြည်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် ကူညီကယ်ဆယ်ထောက်ပံ့‌ရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ဟိုပုံးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ပြည်တွင်းပြည်ပ အလှူရှင်များ လှူဒါန်းထားသောအလှူငွေများဖြင့် ခိုခြဲကျေးရွာ ဘုန်တော်ကြီးကျောင်းတွင် ခိုလှုံလျက်ရှိသည့် လိုက်ကန်ကျေးရွာမှ ဘေးသင့်ပြည်သူ အိမ်ထောင်စု ၃၃ စုတို့အတွက် အဝတ်အထည်များပါ ပလတ်စတစ်ပုံး ၁ ပုံး၊ ခြုံစောင်ထူ၊ ခြင်ထောင်၊ ခေါင်းအုံး၊ ဆိုလာဓာတ်မီး၊ အနွေးထည်၊ အနွေးဘောင်းဘီ၊ ကလေးဝတ် ဝတ်စုံ ၁ စုံ၊ အာဟာရမုန့်၊ သောက်ရေသန့် ၁ လီတာကတ် ၇၀ ကတ်နှင့် ၃၃ ဘူး၊ အမျိုးသမီးသုံးပစ္စည်းများ စသည့်ငွေကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးရှိ ပစ္စည်းများအားလည်းကောင်း၊ ဟိုပုံးမြို့ပေါ်ရပ်ကွက်ရှိ ရေဘေးသင့် ပျက်စီးသွားသောနေအိမ် (၅)လုံးအတွက် အိမ်တစ်လုံးလျှင် ငွေကျပ် ၂ သိန်းတန်ဖိုးရှိ ဆန်ရိက္ခာများအားလည်းကောင်း၊ ဟိုပုံးမြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသ ခံယူလျက်ရှိသည့် တဖူးကိုင်းကျေးရွာမှမြွေဆိပ်သင့် လူနာအား ငွေကျပ် ၈၀၀၀၀ ကျပ်အားလည်းကောင်းကောင်း ဘေးသင့်ပြည်သူများ လက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ် ခဲ့သည်။


ထို့အပြင် ဟိုပုံးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းများဖြင့် ပူးပေါင်း၍ ရေဘေးသင့် ပြည်သူများ ခိုလှုံလျက်ရှိရာ စခန်းများသို့ ကွင်းဆင်းကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)