တံတားဦးမြို့နယ်တွင် စစ်မှုထမ်းရန်အတွက် လူငယ် ၁၀၀ ကျော်ကို ဖမ်းဆီးနေကြောင်း သတင်းတု၊ သတင်းမှားများ ရေးသားဖြန့်ဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

တံတားဦးမြို့နယ်တွင် စစ်မှုထမ်းရန်အတွက် လူငယ် ၁၀၀ ကျော်ကို ဖမ်းဆီးနေကြောင်း သတင်းတု၊ သတင်းမှားများ ရေးသားဖြန့်ဝေ


နေပြည်တော်၊ စက်တင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ များက စစ်မှုထမ်းသင်တန်းများအတွက် လိုအပ်သော လူငယ်အရေအတွက်  စုဆောင်း ပေးနိုင်ခြင်း မရှိသဖြင့် လူငယ် ၁၀၀ ကျော် အတင်းအဓ္ဓမဖမ်းဆီးမှုများ လုပ်ဆောင်နေ ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းအမှားများ မဟုတ်မမှန် ရေးသား ထုတ်လွှင့်လျက်ရှိကြောင်း တွေ့ရှိရသည်။

အဆိုပါသတင်းသည် တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် နိုင်ငံကိုအလုံးစုံပျက်သုဉ်း လိုသည့် အကြမ်းဖက်၊ လောက်ကောင်များက ပြည်သူလူထု အထင်အမြင်လွဲမှားစေရန်၊ လူငယ်လူရွယ်များကို လမ်းမှားရောက်စေရန်အတွက် သွေးထိုးလှုံ့ဆော်ဝါဒဖြန့် ထုတ်လွှင့် နေခြင်းသာဖြစ်ကြောင်း၊ လက်ရှိတွင် ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၅) အထိ အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး သင်တန်းဆင်းပြီးသော နိုင်ငံသားကောင်း ပြည်သူ့စစ်မှုထမ်း စစ်သည်များသည်လည်း တာဝန်ကျရာ တပ်ရင်း/ တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်နေကြပြီဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ သတင်းမှန်များကိုလည်း နိုင်ငံပိုင်မီဒီယာများမှ စဉ်ဆက်မပြတ် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရှိရ ပါသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)