တနင်္သာရီတိုင်းဒေသကြီး၊ ရေး-ထားဝယ်ရထားလမ်းပိုင်းအတွင်း ထားဝယ်မြို့နယ်၊ ရေဖြူနှင့်ထားဝယ်ဘူတာကြား တံတား အမှတ်(၆၀၆) မောင်မယ်ရှောင်တံတားအား အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ကမိုင်းခွဲဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး၊ ရေး-ထားဝယ်ရထားလမ်းပိုင်းအတွင်း ထားဝယ်မြို့နယ်၊ ရေဖြူနှင့်ထားဝယ်ဘူတာကြား တံတား အမှတ်(၆၀၆) မောင်မယ်ရှောင်တံတားအား အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ကမိုင်းခွဲဖျက်ဆီး





နေပြည်တော်၊ စက်တင်ဘာ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ရေး-ထားဝယ်ရထားလမ်းပိုင်းအတွင်း ထားဝယ်မြို့နယ်၊ ရေဖြူ ဘူတာနှင့် ထားဝယ်ဘူတာအကြား၊ မိုင်တိုင်အမှတ် ၃၆၄/၁၁-၁၂ ရှိ တံတား အမှတ်(၆၀၆)၊ မောင်မယ်ရှောင်တံတားအား စက်တင်ဘာ ၂၅ ရက် ညနေပိုင်းတွင် အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့က မိုင်းခွဲဖျက်ဆီးမှုကြောင့် တံတား၏ အောက်ခံကန့်လန့်ဖြတ်သံဘောင် (၂)ချောင်း၊ အလျား လိုက်သံဘောင်(၂)ချောင်း၊ ၇၅ ပေါင်သံလမ်း(၂)ချောင်း၊ သံလမ်းထိန်း Guard Rail (၂)ချောင်းနှင့် တံတားအထူးသစ်သားဇလီဖားများပျက်စီး ဆုံးရှုံးခဲ့ကြောင်းနှင့် ပျက်စီးချို့ယွင်းမှုများကို အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိသည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန် အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း(၇၉)ကြိမ်၊ ရထားတံတား/သံလမ်းများအားမိုင်းခွဲဖျက်ဆီးခြင်း(၁၇၂)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း(၁၆)ကြိမ်ကျူးလွန်ခဲ့ကြသည်။

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်ပိုင်ရထားစက်ခေါင်းနှင့် တွဲများ၊ ရထား လမ်းနှင့် တံတားများ၊ ခရီးသည်များနှင့် ကုန်စည်များ ထိခိုက်ပျက်စီးဆုံးရှုံးစေရေး၊ ရထားစီး ခရီးသွား ပြည်သူများအနေဖြင့် ရထားဖြင့် ခရီးသွားလာရာတွင် ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး အသက် အန္တရာယ် ကင်းရှင်းစွာဖြင့် လုံခြုံစိတ်ချစွာ သွားလာနိုင်မှုမရှိစေရေးအတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ အကြိမ်ကြိမ် ကျူးလွန်ဖျက်ဆီးနေကြခြင်းဖြစ်သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့် အခြေခံအဆောက်အဦများ ပိုမိုတိုးတက် ကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ် အဆင့် မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ အစဉ်တစိုက်အလေးထားစီမံဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)