ပေါင်၊ စက်တင်ဘာ ၅
မွန်ပြည်နယ် ပေါင်မြို့နယ်၌ အမှတ်(၂) ပညာရေးဝန်ထမ်းများ ငွေစုငွေချေး သမဝါယမအသင်းလီမိတက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး နှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ယနေ့တွင်(အထက)ပေါင် ရွှေရတုခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ (-)က အမှာစကား ပြောကြားပြီး အမှတ်(၂) ပညာရေး ငွေစုငွေချေး အသင်းဥက္ကဋ္ဌ ဦးမင်းညွှန့်တင်နှင့်မြို့နယ်သမဝါယမ ဦးစီးအရာရှိ ဒေါ်သင်းသင်းယုနှင့်မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးမြှင့်အောင် သမဝါယမအသင်း၏ ငွေစုငွေချေးလုပ်ငန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက်တာဝန်ရှိသူများက ငွေစာရင်းရှင်းတမ်းဖတ်ကြားခြင်း၊ အသင်းစာရင်းစစ် အစီရင်ခံစာဖတ်ကြားခြင်းနှင့် အသင်းသားများ၏သားသမီးများ ၂၀၂၃-၂၀၂၄တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သောကျောင်းသား/ကျောင်းသူ(၈) ဦး အား(၁)ဦးလျှင်(၅၀၀၀၀) ကျပ်ဖြင့်ဆုချီးမြှင့်ပေးကာ စုဆောင်းငွေ အများဆုံး အသင်းသား (၃)ဦးကို ဆုများချီးမြှင့်ခဲ့ကြောင်းသိရသည်။
မွန်မလေး
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment