တိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းသည့် ဆွမ်းဆန်တော်၊ဆီ၊ကြက်သွန်နီနှင့်ကုလားပဲများ အောင်မြေသာစံမြို့နယ်အတွင်း၊ ဝါဆို‌တော်မူကြ‌သော ရဟန်း၊ သာမဏေနှင့် သီလရှင်များကို ထပ်ဆင့်ဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းသည့် ဆွမ်းဆန်တော်၊ဆီ၊ကြက်သွန်နီနှင့်ကုလားပဲများ အောင်မြေသာစံမြို့နယ်အတွင်း၊ ဝါဆို‌တော်မူကြ‌သော ရဟန်း၊ သာမဏေနှင့် သီလရှင်များကို ထပ်ဆင့်ဆက်ကပ်လှူဒါန်း



မန္တလေး၊ စက်တင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ကြက်သွန်နီနှင့်ကုလားပဲများအား အောင်‌မြေသာစံမြို့နယ်အတွင်းရှိ ရဟန်း၊ သာမဏေနှင့် သီလရှင်များကို ထပ်ဆင့်ဆက်ကပ်လှူဒါန်းခြင်း ရေစက်ချအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ၆၂ လမ်း၊ လမ်း၂၀ ရှိ ခင်မကန်တိုက်၊ မဟာဝိဇယရာမဓမ္မဗိမ္မာန်‌တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ဆရာတော် ဘဒ္ဒန္တ ပညာသီရိဘိဝံသ (သုဓမ္မာ)၊ ဘဒ္ဒန္တယသဝန္တ(ရွှေကျင်)၊ဘဒ္ဒန္တ  စန္ဒိမာ(ငှက်တွင်း)အမှူးပြုသည့် သံဃာတော် ငါးပါး ကြွရောက်တော်မူကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဝင်းမျိုးထွန်းနှင့်အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းထွန်းလင်း၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမြင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသိန်းလွင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ တက်ရောက်လာကြသူများက မြို့နယ်ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တယသဝန္တထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း၍ ရေစက်ချအနုမောဒနာတရား နာယူကြည်ညိုကာ သံဃာတော်များရွတ်ပွားချီးမြှင့်သည့် ပရိတ်တရားတော်မြတ်များကို ရိုသေစွာ နာယူကြည်ညိုကြသည်။

ထိုသို့ ဆွမ်းဆန်တော်များဆက်ကပ်လှူဒါန်းရာတွင် မြို့နယ်အတွင်းရှိ ကျောင်းတိုက် ၄၅၂ တိုက်မှ ဝါဆို၊ ဝါကပ်တော်မူကြသော ရဟန်း၊ သာမဏေ ၇၈၄၃ ပါး၊ သီလရှင်ကျောင်း ၈၃ ကျောင်းမှ သီလရှင် ၂၂၂၉ ပါး၊စုစုပေါင်း ၁၀၀၇၂ ပါးတို့ကို တစ်ပါးလျှင် ဆွမ်းဆန်တော် နှစ်ပြည်၊ ဆီ၊ ကုလားပဲနှင့် ကြက်သွန်နီ ၂၅ ကျပ်သားစီ၊ ဆန် ၁၂၅၉ တင်း၊ဆီ ၂၅၁၀ ပိဿာ၊ ကြက်သွန်နီ ၂၅၁၈ ပိဿာနှင့် ကုလားပဲ ၂၅၁၈ ပိဿာ တို့အား လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။


မြင့်မော်ထွန်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)