မှော်ဘီမြို့နယ်အခြေခံပညာအထက်တန်းကျောင်း (သန္ဓေပင်)၌ဘင်ခရာနှင့်ပန်းပွားသင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မှော်ဘီမြို့နယ်အခြေခံပညာအထက်တန်းကျောင်း (သန္ဓေပင်)၌ဘင်ခရာနှင့်ပန်းပွားသင်တန်းဆင်းပွဲ ကျင်းပ





မှော်ဘီ ၊ စက်တင်ဘာ ၁၀


ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီခရိုင်၊မှော်ဘီမြို့နယ်သံန္ဓေပင်အ-ထ-ကအခြေခံပညာအထက်တန်းကျောင်း၌ဘင်ခရာနှင့်ပန်းပွားသင်တန်းဆင်းပွဲကိုယမန်နေ့နံနက်၉နာရီအချိန်ကကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာသင်တန်းဆင်းပွဲအခန်းအနားတွင်မှော်ဘီမြို့နယ်ပညာရေးမှူးဒေါ်စန်းစန်းဝင်းမှအမှာစကားပြောကြားပြီးသန္ဓေပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်အေးမှကျေးဇူးတင်စကားပြောကြားခဲ့ပြီး  ကျောင်းသား/ကျောင်းသူလေးများကဘင်ခရာတီး ဝိုင်းဖြင့်တင်ဆက်ဖျော်ဖြေခဲ့ကြပြီးဆုရရှိသော ကျောင်းသား/ကျောင်းသူများအားမြို့နယ်ပညာရေးမှူးဒေါ်စန်းစန်းဝင်း၊ကျောင်းအုပ်ဆရာမကြီးဒေါ်ညိုညိုမာနှင့်တာဝန်ရှိသူများကဆုများကိုအသီးသီးပေးအပ်ခဲ့သည်။

အခြေခံဘင်ခရာနှင့်ပန်းပွားသင်တန်းဆင်းပွဲအခမ်းအနားသို့မှော်ဘီမြို့နယ်ပညာရေးမှူးဒေါ်စန်းစန်ဝင်း၊သန္ဓေပင်ကျောင်းအုပ်ဆရာမကြီးဒေါ်ညိုညိုမာနှင့်အခြေခံပညာအထက်တန်းကျောင်းမှကျောင်းအုပ်ဆရာ/ဆရာမများ၊ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ကျောင်းအကျိုးတော်ဆောင်များ၊ကျောင်းသား/ကျောင်းသူများ၏မိဘများတက်ရောက်ခဲကြောင်းသိရသည်။


ဝင်းဇော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)