တာချီလိတ်မြို့၌ မယ်ဆိုင်ချောင်းရေသည် စိုးရိမ်ရေမှတ်အထက် (၆)ပေကျော်ရောက်ရှိနေပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့၌ မယ်ဆိုင်ချောင်းရေသည် စိုးရိမ်ရေမှတ်အထက် (၆)ပေကျော်ရောက်ရှိနေပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ





တာချီလိတ်၊ စက်တင်ဘာ ၁၀

တာချီလိတ်မြို့၌ ယနေ့ မွန်းတည့် (၁၂)နာရီ တိုင်းတာချက်အရ မယ်ဆိုင်ချောင်းရေသည် စိုးရိမ်ရေမှတ်အထက် (၂၉၀) စင်တီမီတာ (၆) ပေကျော်သို့ရောက်ရှိနေပြီး မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁) အဝင်လမ်းရေကျော်ခြင်းနှင့် မြို့ပေါ်ရပ်ကွက်(၈)ရပ်ကွက်ရှိ လူဦးရေ (၃၈၃၈)ဦးသည် ရေဘေးကြုံတွေ့နေရသဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စက်တင်ဘာ ၈ ရက် နံနက်အစောပိုင်းမှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ့်ယွန်းချောင်း၊ မယ်ခေါင်ချောင်းနှင့် မယ်ဆိုင်ချောင်း ရေကြီးရေလျှံမှုများကြောင့် စက်တင်ဘာ ၉ ရက် မွန်းလွဲ ၁ နာရီခန့်တွင် စိုးရိမ်ရေမှတ် (၃၉၀) စင်တီမီတာသို့ ရောက်ရှိခဲ့ပြီး မြို့ပေါ်ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခြင်း၊ မိုးဆက်လက်ရွာသွန်းနေပြီး ချောင်းရေများ ဆက်လက်မြင့်တက်လာလျက်ရှိသဖြင့် သက်ဆိုင်ရာဌာနများက ရေဘေးအန္တရာယ် အသိပညာပေးလှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် ရေဘေးသင့်ပြည်သူများအတွက် အောင်မြတ်ခန်းမတွင် ကူညီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိပြီး ရေဘေးသင့်ပြည်သူများအား နယ်မြေခံတပ်နယ်မှ ယာယီဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သန့်လှိုင်ဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်တို့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ထမင်းထုပ်များ၊ ရေသန့်ဘူးများ လိုက်လံဝေငှ‌ပေးခြင်းနှင့် စည်ပင်သာယာရေးဝန်ထမ်းများက ရေစီးရေလာကောင်းမွန်စေရေးအတွက် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁)တွင် တင်ခံနေသော အမှိုက်သရိုက်များအား စက်ယန္တရားနှင့် လူအင်အားများဖြင့် ရှင်းလင်းဖယ်ရှားခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သန်းဇော်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)