ဒုတိယဝန်ကြီး ဦးအေးထွန်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သာသနိကအဆောက်အအုံများ ဆောက်လုပ်ပြီးစီးမှုနှင့် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးအေးထွန်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သာသနိကအဆောက်အအုံများ ဆောက်လုပ်ပြီးစီးမှုနှင့် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


ရန်ကုန်၊ စက်တင်ဘာ ၂၉

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အင်းယားမြိုင် လမ်း အလယ်တောရစံပြစာသင်တိုက်အတွင်းရှိ တက်လမ်းဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်သော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ပိုင်အဖြစ် ဗုဒ္ဓဘာသာဝင် ခုနစ်ရက်သားသမီး များ စုပေါင်းလှူဒါန်းထားသည့် ဓမ္မဝိဇယသာသနာ့ဗိမာန်တော်ကြီး RC လေးထပ်အဆောက်အအုံ ဆောက်လုပ်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ပရိဝုဏ်အတွင်းရှိ ဆဋ္ဌသင်္ဂါယနာသမိုင်းဝင်သိမ်တော်ကြီးသို့ ရောက်ရှိပြီး အဆောက်အအုံအတွင်း လုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) ဝင်း အုတ်ခြံစည်းရိုးတည်ဆောက်ခြင်းနှင့် ဂိတ်တံခါး တပ်ဆင်နေမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ခြံစည်းရိုးမျက်နှာစာရှိ မြေယာရှုခင်းများ သန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ထားရှိရေး မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ဝိဇ္ဇာလယ ကျောင်းဆောင် Steel Frame အသစ်လဲလှယ်ခြင်း၊ အမိုးမျက်နှာကြက်ပြုပြင်ခြင်းတို့တွင် အသုံးပြု ဆောင်ရွက်မည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ စုဆောင်းထားရှိမှုနှင့် လျှပ်စစ်မီးကြိုးအသစ် သွယ်တန်းထားရှိသည့် ထရန်စဖော်မာတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းသုံးပစ္စည်းများ အရည်အသွေး ပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးအတွက် ကုသိုလ်စိတ်ထား၍ စေတနာသဒ္ဓါထက်သန်စွာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် မှာကြားသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)