အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားနိုင်ငံအလယ်ပိုင်း နေရာအများအပြားတွင် ၁၄ ဦးသေဆုံးကာ ၄၃ ဦး ဒဏ်ရာရ - Myanmar National Post

Myanmar National Post

News Agency

Breaking


အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားနိုင်ငံအလယ်ပိုင်း နေရာအများအပြားတွင် ၁၄ ဦးသေဆုံးကာ ၄၃ ဦး ဒဏ်ရာရ


ဒမတ်စကပ်စ်၊ စက်တင်ဘာ ၁၀

အစ္စရေး၏ စက်တင်ဘာ ၈ ရက် ညပိုင်း လေကြောင်း တိုက်ခိုက်မှုကြောင့် ဆီးရီးယားနိုင်ငံ နေရာအများအပြားတွင် လူ ၁၄ ဦး သေဆုံးကာ ၄၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆီးရီးယား သတင်းအေဂျင်စီ၏ စက်တင်ဘာ ၉ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် လူ ၁၄ ဦး သေဆုံးပြီး ၄၃ ဦး ဒဏ်ရာရရှိခဲ့ကာ ၎င်းအနက် ၆ ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဆီးရီးယားနိုင်ငံအလယ်ပိုင်း ဟာမာပြည်နယ် Masyaf ဒေသရှိ ဒေသခံဆေးရုံ တာဝန်ခံ၏ စကားကို ကိုးကား၍ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဒေသစံတော်ချိန် စက်တင်ဘာ ၈ ရက် ည ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် အစ္စရေးသည် လက်ဘနွန်နိုင်ငံ အနောက်မြောက်ပိုင်းဘက်မှ ဆီးရီးယားနိုင်ငံအလယ်ပိုင်းဒေသရှိ စစ်စခန်းအများအပြားကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ လူ ၃ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရကာ အခြား လူနေအိမ်အချို့လည်း ပျက်စီးခဲ့ကြောင်း အဆိုပါနေ့ အစောပိုင်းတွင် ဆီးရီးယားစစ်တပ်က ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ၎င်းဒေသ လမ်းမကြီးတစ်ခု ဆိုးရွားစွာပျက်စီးစေခဲ့ပြီး နယ်ပယ်တစ်ခုမှာလည်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဆီးရီးယားသတင်းအေဂျင်စီ၏ အခြားထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၁ ခုနှစ်တွင် ဆီးရီးယားပြည်တွင်းစစ် ဖြစ်ပွားပြီးနောက် အစ္စရေးစစ်တပ်သည် အီရန်စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်သည်ဟု အကြောင်းပြ၍ ဆီးရီးယားနိုင်ငံတွင်း ပစ်မှတ်များကို အကြိမ်ကြိမ် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ 

ဆီးရီးယားနှင့် အီရန်အစိုးရနှစ်ရပ်စလုံးက ဆီးရီးယားတွင် အီရန်တပ်စွဲထားခြင်းကို ငြင်းဆိုခဲ့သည်။ ပြီးခဲ့သောနှစ် အောက်တိုဘာလတွင် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအသစ်တစ်ဖန် ဖြစ်ပွားပြီးနောက် အစ္စရေးသည် ဆီးရီးယားနိုင်ငံတွင်းရှိ ပစ်မှတ်များကို မကြာခဏ တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်။


Ref - (ဆင်ဟွာ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)