နေပြည်တော်၊ စက်တင်ဘာ ၂၉
တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၄ နာရီအချိန် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ရခိုင်ကမ်းရိုးတန်းတွင် ကမ်းရိုးတန်းသွား စက်လှေပေါ်ပါ မြလွင်၊ မင်းမင်းစိုး၊ သန့်ဇင်နိုင်နှင့် နိုင်လင်းထွန်းတို့ ၄ ဦးအား ဒေသကာလတန်ဖိုး ငွေကျပ် ၂ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၇၈ သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ဖမ်းဆီးရမိစိတ်ကြွဆေးပြားများအား ရန်ကုန်မှ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်သို့ ပို့ဆောင်ခိုင်းသူ ဇော်မင်းဦး(ခ)ကိုဇော်နှင့် ပြည့်ဖြိုးမောင်တို့အား ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုဆိပ်ကမ်းတွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းတို့သည် သိမ်းဆည်းရမိ စိတ်ကြွ ရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့သယ်ဆောင်ပြီး ရခိုင်ပြည်နယ် သို့ ရေကြောင်းဖြင့် သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းသိရှိရ၍ ၎င်းတို့အား ဥပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
Join - https://t.me/MyanmarNationalPost


No comments:
Post a Comment