ရန်ကုန်၊ စက်တင်ဘာ ၂၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၇-၉-၂၀၂၄ ရက်နေ့ နံနက် ၁၀ ၀၀ နာရီအချိန်တွင် ဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့နှင့်အတူ ပါတီဌာနချုပ် (ရန်ကုန်ရုံးခွဲ)တွင် နိုင်ငံ့အကျိုးပြု အဖွဲအစည်းအသီးသီးမှ တာဝန်ခံ (၃၀)ဦးဖြင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီက နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များအပေါ် မိမိကျရာကဏ္ဍမှ စိတ်ရင်းစေတနာအပြည့်ဖြင့် ဝိုင်းဝန်း ဆောင်ရွက်ကြရေး၊ နိုင်ငံတော်၏ အခြေခံဖြစ်သော ကျေးလက်ဒေသအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ၎င်းတို့၏ အမြင်ရှုထောင့်များ၊ အကြံပြုချက်များ၊ သိလိုသည်များကို မေးမြန်းခြင်းနှင့် ဖြေကြားခြင်းတို့အပြင် နောင်တွင်လည်း ယခုကဲ့သိုရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးကြရေးအတွက် ဆက်သွယ်ရမည့် လူပုဂ္ဂိုလ်အမည်စာရင်း သတ်မှတ်ပေးရေးကိစ္စတို့အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲ၏ နိဂုံးချုပ်အပိုင်းတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီက ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့တွင် စတင်ဆောင်ရွက်မည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းသည် နိုင်ငံတော် အတွက် အလွန်အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် မိမိတို့ သက်ဆိုင်ရာ နယ်မြေအတွင်း လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါရန် နှင့် လက်လှမ်းမီရာကိုလည်း ဖြန့်ဝေအသိပေးကြပါရန် တိုက်တွန်း ပြောကြားခဲ့သည်။
Join - https://t.me/MyanmarNationalPost











No comments:
Post a Comment