ကော့သောင်းမြို့သို့ နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်ဝင်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့သောင်းမြို့သို့ နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်ဝင်ရောက်





ကော့သောင်း ၊စက်တက်ဘာ ၂၈


နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူများအား  ထိုင်းနိုင်ငံ၊ရနောင်းမြိုမှတဆင့် မြန်မာ နိုင်ငံ၊ ကော့သောင်းမြို့သို့ရေလမ်းခရီးဖြင့် တာဝန်ရှိအဖွဲ့အစည်းများထံသို ယမန်နေ့မွန်းလွဲပိုင်းက လွှဲပြောင်းပေးအပ်ခဲ့ရာ အမျိုးသား(၁၁၃)ဦး၊ အမျိုးသမီး (၁၅) ဦး စုစုပေါင်း (၁၂၈)ဦး ကော့သောင်းမြို့၊  ဘုရင့်နောင်ဆိပ်ကမ်းသို ပြန်လည်ရောက်ရှိခဲ့သည်။


အဆိုပါ နေရပ်ပြန်များအား ပြန်လည်လက်ခံရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းအသီးသီးမှတာဝန်ရှိသူများက လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများပြောကြားပြီး နဝရတ်အားကစားခန်းမတွင် ကျန်းမာရေးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေး၍ သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများ ပြန်လည်ဝင်ရောက်လာသူများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ကိုယ်ရေးမှတ်တမ်းများ ကောက်ယူခြင်းနှင့်လိုအပ်သည်များ စစ်ဆေးဆောင်ရွက်၍ မိမိတိုနေရပ် ဒေသအသီးသီးသို စနစ်တကျ ပြန်လည်ပို့ချဆောင်ရွက်ပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)