ပေါင်းတည်မြို့၌ အငြိမ်းစားဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆက်လက်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်းတည်မြို့၌ အငြိမ်းစားဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆက်လက်ဆောင်ရွက်




ပေါင်းတည်၊  စက်တင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံ၌ ယမန်နေ့နံနက် ၈ နာရီအချိန်မှစ၍ အငြိမ်းစား၀န်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံဆောင်ရွက်မှုဖြင့် အစိုးရ၀န်ထမ်းအငြိမ်းစားများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ သို့ဖြစ်ပါ၍ မြို့နယ်ပြည်သူ့ဆေးရုံတွင် အငြိမ်းစားဝန်ထမ်းများအားကျန်းမာရေးကြည့်ရှုစောင့်ရှောက်ပေးလျက်ရှိရာ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးဌာနမှူးဒေါက်တာသန်းသန်းချစ်ကအနီးကပ်ကြီးကြပ်၍ ဆရာဝန်များနှင့်ကျန်းမာရေး မှူးများ၊ ဆရာ၊ ဆရာမများက ကိုယ်အလေးချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ ခံစားနေရသောရောဂါဝေဒနာများကို မေးမြန်းစမ်းသပ်ခြင်း၊ လိုအပ်သောဆေးထိုးနှံမှုနှင့် ဆေးဝါးများပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်ကုသပေးခြင်းနှင့် လိုအပ်သော အပေါ့စားကျန်းမာရေးကိုယ်လက်လေ့ကျင့်ခန်းများကိုလည်း အဖွဲ့လိုက်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။


ရွှေသား

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)