မှော်ဘီ ၊ စက်တင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီခရိုင်၊မှော်ဘီမြို့နယ် တွင်မှော်ဘီခရိုင်၊မင်္ဂလာဒုံခရိုင်၊လှည်းကူးခရိုင်နှင့်တိုက်ကြီးခရိုင်တို့ပူးပေါင်းဖွင့်လှစ်သည့်ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး သင်တန်း (၁/၂၀၂၄) ဆင်းပွဲ အခမ်းအနားကိုယနေ့နံနက်၉နာရီကမှော်ဘီမြို့နယ်မီးသတ်ဦးစီးဌာန၊အစည်းအဝေးခန်းမ၌ကျင်းပ သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး ညွှန်ကြားရေးမှူးဦးမင်းစမ်းအေးကသင်တန်းဆင်း အဖွင့်အမှာစကားပြောကြားရာတွင်သင်တန်းသား များအနေဖြင့်ပြည်သူများ၏အသက်အိုးအိမ်စည်း စိမ်များကိုမီးဘေးအန္တရာယ်မှတားဆီးကာကွယ်ရန်၊သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါကမီးသတ် တပ်ဖွဲ့ဝင်များနှင့်အတူပူးပေါင်း၍စနစ်တကျရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်နှင့်လူမှူရေးလုပ်ငန်းများတွင်တက်ကြွစွာပါဝင်ဆောင်ရွက်ရန်သတိတရား၊သစ္စာတရား၊သတ္တိတရားများနဲ့ရဲဝံ့ ပြတ်သားစွာလုပ်ဆောင်သွားကြဖို့နဲ့ရှာဖွေကယ် ဆယ်ရေးတပ်ဖွဲ့ဝင်တိုင်းဘေးအန္တရာယ်လုံခြုံမှုအ ပိုင်းမှာ အဓိကအချက်(၄)ချက် ဖြစ်သည့် လျှင်မြန် မှု၊ မှန်ကန်ထိရောက်မှု၊ စေ့စပ်သေချာမှု၊ ပြီးပြည့်စုံ သော လုံခြုံမှုတွေနဲ့ သတိပြုဆောင်ရွက်ရမှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး သင်တန်း(၁/၂၀၂၄)တွင် ဆုရရှိသူများအား ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး၊ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေးက ဆုများချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/၂၀၂၄)ကိုသင်တန်းနည်းပြ(၁၅)ဦးဖြင့်လူမှုရေးအသင်းအဖွဲ့များမှစေတနာ့ဝန်ထမ်းသင်တန်းသား/သူမှော်ဘီခရိုင်မှ(၂၄)ဦး၊မင်္ဂလာဒုံခရိုင်မှ(၇)ဦး၊ လှည်းကူးခရိုင်မှ(၈)ဦးနှင့်တိုက်ကြီးခရိုင်မှ(၁၁)ဦးစုစုပေါင်း (၅၀) ဦးဖြင့် စက်တင်ဘာ ၁၆ရက်နေ့မှ စက်တင်ဘာ၂၆ရက်နေ့အထိဖွင့်လှစ်သင်ကြားခဲ့ပြီဖြစ်ကာသင်တန်းတွင်မီးသတ်ပညာဘာသာရပ်၊ရှာဖွေကယ်ဆယ်ရေးပညာဘာသာရပ်နှင့်ရှေးဦးသူနာပြုစုခြင်းပညာဘာသာရပ်များကိုစာတွေ့လက်တွေ့သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ဝင်းဇော်(မှော်ဘီ)
https://t.me/MyanmarNationalPost
No comments:
Post a Comment