ပန်းတောင်း ၊ စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် ဦးဆောင်သောအဖွဲ့သည် ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ရှေးဦးစွာ ပန်းတောင်းမြို့နယ်၊ မင်းရပ်ရပ်ကွက်၊ အ.ထ.က(ပန်းတောင်း)ကျောင်းတွင် ကျင်းပမည့် စာဖတ်ရှိန်မြှင့်ရေးအခမ်းအနား ပြင်ဆင်နေမှုအခြေအနေ၊ ကျောက်ဖူးကျေးရွာအုပ်စု၊ ကန့်ကူကျေးရွာရှိ မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ကန့်ကူတံတား (သံကူကွန်ကရစ်) ဆောက်လုပ်နေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ သူရဲတန်းအုပ်စု၊ သူရဲတန်းကျေးရွာ ကျားကိုက်-သူရဲတန်းလမ်းအား ထုကွန်ကရစ်ခင်းရန်နှင့် အမာခံလမ်းပုခုံးခင်းခြင်း လုပ်ငန်းအခြေအနေ၊ ထုံးဘိုကျေးရွာအုပ်စု၊ ခပေါင်းလမ်းကျောက်ချောခင်းခြင်း (၈၉၀´ × ၁၂´ × ၉") လုပ်ငန်းနှင့် တုံကင်းကျေးရွာအုပ်စု၊ ခဝါဆည်ရေပိုလွှဲမှ ရေကျော်နေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
လပြည့်လင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment