ရွှေတောင် ၊ စက်တင်ဘာ ၃၀
၂၀၂၄ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ( ၆) ခရိုင်အသက်(၂၅ ) နှစ်အောက် အမျိုးသား၊အမျိုးသမီးခရစ်ကတ်ပြိုင်ပွဲတွင်ဆုရ ကျောင်းသား ၊ကျောင်းသူများအားကြိုဆိုခြင်းနှင့် မြို့နယ်အားကစားခန်းမတွင်၌ ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၃)နာရီအချိန်ကကျင်းပ ခဲ့သည်။
အဆိုပါ ကြိုဆိုပွဲအခမ်းအနားသို့ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ၊မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်နန်းမြအေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊မြို့နယ်ပညာရေးမှူး၊ကျောင်းအုပ်ကြီးများ၊ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများကအသက်(၂၅ ) နှစ်အောက် အမျိုးသား၊အမျိုးသမီးခရစ်ကတ်ပြိုင်ပွဲတွင် ဒိုင်းဆုရရှိခဲ့သည့် ကျောင်းသား၊ကျောင်းသူ( ၃၀) ဦးနှင့်အုပ်ချုပ်သူနည်းပြ( ၆ )ဦးတို့အား ကြိုဆိုဂုဏ်ပြုခဲ့ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost



No comments:
Post a Comment