ရေနံချောင်းမြို့တွင် ဘုန်းကြီးဝတ်နေသူတချို့ကို စစ်မှုထမ်းရန် တိမ်းရှောင်သည်ဟုဆိုကာ တပ်မတော်က သင်္ကန်းချွတ်ခိုင်းပြီး အဓ္ဓမဖမ်းဆီး ခေါ်ဆောင်နေကြောင်း သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရေနံချောင်းမြို့တွင် ဘုန်းကြီးဝတ်နေသူတချို့ကို စစ်မှုထမ်းရန် တိမ်းရှောင်သည်ဟုဆိုကာ တပ်မတော်က သင်္ကန်းချွတ်ခိုင်းပြီး အဓ္ဓမဖမ်းဆီး ခေါ်ဆောင်နေကြောင်း သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိ



နေပြည်တော်၊ စက်တင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ဝက်မစွတ်ကျေးရွာအုပ်စုတွင် တပ်မတော် က လူငယ်များကို အတင်းအဓ္ဓမဖမ်းဆီးခြင်းများ လုပ်ဆောင်နေသဖြင့် လူငယ်များနှင့် အမျိုးသားများ တိမ်းရှောင်မှုများ အလွန်များပြားလာကြောင်း၊ တချို့မှာ ဘုန်းကြီးကျောင်း များတွင် သင်္ကန်းစီးပြီး ဘုန်းကြီးဝတ်ဖြင့် နေထိုင်ကြကြောင်း၊ ထို့ကြောင့် တပ်မတော်က ဝက်မစွတ်ကျေးရွာအုပ်စုအတွင်းရှိ ဘုန်းကြီးကျောင်းတချို့ကို ဝင်ရောက်စိစစ်ပြီး ဘုန်းကြီးဝတ်ထားသူများကို သင်္ကန်းချွတ်ခိုင်းကာ စစ်သားအဖြစ် အတင်းအဓ္ဓမဖမ်းဆီး ခေါ်ဆောင်မှုများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာက သတင်းအမှားများ ရေးသားထုတ်လွှင့်လျက်ရှိကြောင်း တွေ့ရှိရသည်။


အဆိုပါသတင်းသည် တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် နိုင်ငံကိုအလုံးစုံပျက်သုဉ်း လိုသည့် အကြမ်းဖက်၊ လောက်ကောင်များက ဘာသာရေးကို ခုတုံးလုပ်၍ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လျက်ရှိသည့် ပြည်သူလူထုနှင့် တပ်မတော်အကြား သွေးခွဲရန်နှင့် အထင်အမြင်လွဲမှားစေရန်၊ သွေးထိုးလှုံ့ဆော်ဝါဒဖြန့် ထုတ်လွှင့် နေခြင်းသာဖြစ်ကြောင်း၊ လက်ရှိတွင် ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၅) အထိ အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေး လျက်ရှိပြီး သင်တန်းဆင်းပြီးသော နိုင်ငံသားကောင်း ပြည်သူ့စစ်မှုထမ်း စစ်သည်များသည် လည်း တာဝန်ကျရာ တပ်ရင်း/ တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များကို ကျေပွန်စွာထမ်းဆောင်နေပြီဖြစ်ကြောင်း၊ မိဘပြည်သူများကို အထင်အမြင် လွဲမှားစေရန်နှင့် စိုးရိမ်ပူပန်မှုမြင့်တက်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ကြံဖန်တီးရေးသား ထုတ်လွှင့်ခြင်းသာဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဆိုင်ရာ သတင်းမှန်များကိုလည်း နိုင်ငံပိုင် မီဒီယာများမှ စဉ်ဆက်မပြတ် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သက်ဆိုင်ရာတာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)