မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် သယံဇာတရေးရာဝန်ကြီးတို့ ရောက်ရှိပြီး ပျော်ဘွယ်မြို့နယ် ရေဘေးရှောင်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် သယံဇာတရေးရာဝန်ကြီးတို့ ရောက်ရှိပြီး ပျော်ဘွယ်မြို့နယ် ရေဘေးရှောင်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြား


ပျော်ဘွယ် ၊ စက်တင်ဘာ ၁၄


မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်နှင့်အဖွဲ့တို့သည် ပျော်ဘွယ်မြို့နယ်သို့ ယမန်နေ့ ညနေ(၆)နာရီက ရောက်ရှိပြီး မြို့ပေါ်ရပ်ကွက်များမှ ရေဘေးရှောင်ပြည်သူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားခြင်း၊ ရိက္ခာထောက်ပံ့ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့် သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်တို့သည် မြို့မရပ်ကွက်၊ စံကျောင်းဘုန်းတော်ကြီးကျောင်းဓမ္မာရုံရှိ ရေဘေးရှောင်ပြည်သူများ၊ ရှမ်းပွဲရပ်ကွက်၊ ရာပြည့်သာသနာ့ဗိမာန်ရှိ ရေဘေးရှောင်ပြည်သူများနှင့်တွေ့ဆုံကာ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပျက်စီးသွားသည့် လမ်းတံတားများကို ပြန်လည်ပြုပြင်မည့်အခြေအနေများ၊ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးပျောက်ဆုံးသွားသည့် နိုင်ငံသားမှတ်ပုံတင်၊ အိမ်ထောင်စုဇယား စသည်တို့ကို ပြန်လည်ပြုလုပ်ပေးမည့်အခြေအနေများ၊ ရေနစ်မြုပ်မှုကြောင့်ပျက်စီးသွားသည့် လျှပ်စစ်မီတာများအတွက် ပြန်လည်ဆောင်ရွက်ပေးမည့်အခြေအနေများ စသည်တို့ကိုရှင်းလင်းဆွေးနွေးပြီး ရေဘေးရှောင်ပြည်သူများအနေဖြင့် စိတ်အားငယ်မှုမရှိစေရန်အတွက် အားပေးစကားပြောကြားကြသည်။

ဆက်လက်၍ မန္တလေတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဆန်၊ သောက်ရေသန့်၊ ခေါက်ဆွဲခြောက်ထုတ်များ၊ ကြက်ဥနှင့် မုန့်ခြောက်ထုတ်များကို ပေးအပ်လှူဒါန်းရာ ရေဘေးရှောင်ပြည်သူများက လက်ခံရယူခဲ့ကြပြီး ရေဘေးရှောင်စခန်းတို့တွင် ကျန်းမာရေးဝန်ထမ်းများက ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် အခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


မင်းမင်းထွေး(ပျော်ဘွယ်)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)