ငပုတော ၊ စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင်ကျင်းပပြုလုပ်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ အသိပညာပေးအခမ်းအနားတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးကျော်စိုးမိုးက သန်းခေါင်စာရင်းကောက်ယူမည့် ရည်ရွယ်ချက်၊ သန်းခေါင်းစာရင်းထည့်ကောက်ရမည့်သူများ၊ သန်းခေါင် စာရင်း မထည့်ကောက်ရမည့်သူများ၊ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများတွင် ပြည်သူအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြစေရေးနှင့် သန်ခေါင်းစာရင်းကောက်ယူခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီးတာဝန်ရှိသူများက သိရှိလိုသည်များကိုမေးမြန်တင်ပြရာ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အောင်သူ
https://t.me/MyanmarNationalPost

No comments:
Post a Comment