မြင်းခြံမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြင်းခြံမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲ ပြုလုပ်




မြင်းခြံ ၊  စက်တင်ဘာ ၂၉


မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အထက(၁)ကျောင်း ဧရာဝတီခန်းမ၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် မဲစာရင်းပြုစုရာတွင် အရေးကြီးသည့် ကိန်းဂဏန်းအချက်အလက် မှန်ကန်စေရေးအတွက် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းမှ ရရှိသည့် လူဦးရေစာရင်းသည် မှန်ကန်သည့် မဲစာရင်းပြုစုရန်အတွက် အထောက်အကူပြုသည့် လုပ်ငန်းဖြစ်၍ ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို (၁-၁၀-၂၀၂၄)ရက်နေ့မှ (၁၅-၁၀-၂၀၂၄) ရက်နေ့အထိ (၁၅)ရက်ကြာ ကောက်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းဆောင်ရွက်ကြမည့် စာရင်းစစ်၊ စာရင်းကောက်များအနေဖြင့်လည်း သတ်မှတ်ထားသည့် သန်းခေါင်စာရင်း မေးခွန်းများကို သတ်မှတ်ပုံစံအတိုင်း မြေပြင်ကောက်ယူရေး လုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သင်တန်းတွင် သင်တန်း ဆရာ/ဆရာမများ ပို့ချခဲ့သည့်အတိုင်း စနစ်တကျ ကောက်ယူကြရန်လိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။


၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ကျော်စွာ(မြင်းခြံ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)