မှော်ဘီမြို့နယ်၌ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေးတုံ့ပြန်တိုက်ကျွေးခြင်းလုပ်ငန်း(Oral Cholera Vaccine - OCV)မြို့နယ်အဆင့်အသိပေးဆွေနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မှော်ဘီမြို့နယ်၌ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေးတုံ့ပြန်တိုက်ကျွေးခြင်းလုပ်ငန်း(Oral Cholera Vaccine - OCV)မြို့နယ်အဆင့်အသိပေးဆွေနွေးပွဲကျင်းပ




မှော်ဘီ ၊စက်တင်ဘာ ၂၀ 


ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီခရိုင်၊မှော်ဘီမြို့နယ်၌ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေးတုံ့ပြန်တိုက်ကျွေးခြင်းလုပ်ငန်း(Oral Cholera Vaccine-OCV)မြို့နယ်အဆင့်အသိပေးဆေးနွေးပွဲအားယနေ့မွန်းလွဲ၁နာရီအချိန်ကပြည့်သူ့ကျန်းမာလရေးဦးစီးဌာနခမ်းမ၌ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာအခမ်းအနားတွင်မှော်ဘီမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနညွှန်ကြားရေးမှူးဒေါက်တာ စောမြထွန်းမှအဖွင့်အမှာစကားပြောကြားပြီးမြို့နယ်ကျန်းမာရေးမှူးအဆင့်(၁)​ဒေါ်ခင်အေးဝင်းမှ (Oral CholeraVaccine-OCV)တိုက်ကျွေးခြင်းအကြောင်းအရင်းအချက်အလက်များပြောကြခဲ့သည်။


အခမ်းနားသို့မှော်ဘီခရိုင်၊မှော်ဘီမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနညွှန်ကြားရေးမှူးဒေါက်တာ စောမြထွန်း၊မြို့နယ်ကျန်းမာရေးမှူးအဆင့်(၁)ဒေါ် ခင်အေးဝင်း၊မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဒုတိယဦးစီးမှူး ဒေါ်ခင်မေထွဋ်နှင့်ဝန်ထမ်းများ၊ရဲတပ်ဖွဲဝင်များ၊အမျိုးသမီးရေးရာအဖွဲ့များ၊ကြက်ခြေနီအဖွဲ့များ၊ဌာနဆိုင်ရာဝန်ထမ်းများနှင့်ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူးများစုစုပေါင်း(၅၀)ဦးဆွေးနွေးပွဲသို့တက်ရောက်ခဲ့ကြောင်းသိရသည်။


ဝင်းဇော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)