ဝါရှင်တန်ဒီစီမြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများက ကျင်းပသည့် အာဆီယံယဉ်ကျေးမှုနေ့ (ASEAN Culture Day) အခမ်းအနားသို့ မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှ ပါဝင်တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝါရှင်တန်ဒီစီမြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများက ကျင်းပသည့် အာဆီယံယဉ်ကျေးမှုနေ့ (ASEAN Culture Day) အခမ်းအနားသို့ မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှ ပါဝင်တက်ရောက်








ဝါရှင်တန်ဒီစီ၊ အောက်တိုဘာ ၁၈

ဝါရှင်တန်ဒီစီမြို့အခြေစိုက် အမေရိကန်နိုင်ငံဆိုင်ရာ အာဆီယံသံရုံးများသည် အာဆီယံ ယဉ်ကျေးမှုနေ့ (ASEAN Culture Day) အခမ်းအနားကို ၁၆-၁၀-၂၀၂၄ ရက်၊ ၀၉:၃၀ နာရီမှ ၁၃:၀၀ နာရီအထိ Washington D.C. Temple ၊ Church of Jesus Christ of Latter-day Saints (CJCLS) ၊ Visitors’ Center ၌ ကျင်းပခဲ့ရာ မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှ ပါဝင်ခဲ့ပြီး၊ သံရုံးယာယီတာဝန်ခံ/ သံအမတ်ဦးသက်ဝင်း၊ သံရုံးမှတာဝန်ရှိသူများနှင့် သံရုံးမိသားစုဝင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။ 

အဆိုပါအခမ်းအနားကို ဝါရှင်တန်ဒီစီမြို့ရှိ အာဆီယံသံရုံးများမှ သံအမတ်ကြီးများ/သံရုံးအကြီးအကဲ များ၏ဇနီးများ ဦးဆောင်ပြီး ယင်းသံရုံးများမှ အမျိုးသမီးသံတမန်များမှ အဖွဲ့ဝင်အဖြစ်ပါဝင်သည့် အာဆီယံ အမျိုးသမီးအသင်း (ASEAN Spouses’ Circle) က ကြီးမှူးကျင်းပခြင်းဖြစ်သည်။

အခမ်းအနားသို့တက်ရောက်လာကြသူများအား အာဆီယံသံရုံးများက နိုင်ငံအလိုက် ရိုးရာ သီချင်းနှင့် အကများ၊ ရိုးရာဝတ်စုံ ဖက်ရှင်သရုပ်ပြမှုစသည့် အနုပညာတင်ဆက်မှုများဖြင့် ဖျော်ဖြေ ခဲ့ပြီး၊ ရိုးရာစားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် အထူးဧည့်သည်တော်များသည် ဖျော်ဖြေတင်ဆက်သူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး၊ အာဆီယံသံရုံးများက ခင်းကျင်းပြသထားသည့် ဓာတ်ပုံ/ ပန်းချီ ပြခန်း၊ ယဉ်ကျေးမှုဆိုင်ရာပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

မြန်မာသံရုံးအနေဖြင့် အခမ်းအနားတွင် မြန်မာ့ရိုးရာ သင်္ကြန်ယိမ်းအကအဖွဲ့ဖြင့် ပါဝင် ဖျော်ဖြေခဲ့ပြီး၊ ဧည့်သည်တော်များအား မြန်မာ့ရိုးရာ စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ပါ သည်။ ထို့ပြင် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး မြန်မာ့ရှုခင်းသာ ဗီဒီယိုပြကွက်များကို တက်ရောက် လာသူများအား မိတ်ဆက်ပြသခဲ့ပြီး၊ ပိုစတာ/ ဓာတ်ပုံနှင့်ပန်းချီကားများ၊ မြန်မာ့ရိုးရာလက်မှုပစ္စည်း များကိုလည်း ခင်းကျင်းပြသခဲ့သည်။

အခမ်းအနားသို့ သံအမတ်ကြီးများနှင့် ဇနီးများ၊ သံတမန်များ၊ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အခြားအေဂျင်စီများမှ ဧည့်သည်တော် (၃၀၀)ဦးခန့် တက်ရောက် ခဲ့ကြသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)