၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၁၂)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း) ပထမနှစ် တက်ရောက်မည့် သင်တန်းသား/သူများအား ထောက်ပံ့ငွေပေးအပ်ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၁၂)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း) ပထမနှစ် တက်ရောက်မည့် သင်တန်းသား/သူများအား ထောက်ပံ့ငွေပေးအပ်ချီးမြှင့်








ပဲခူး၊ အောက်တိုဘာ ၃၁

 ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၃၁) ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံဖြိုးရေး တက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၁၂)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ် များ စွမ်းရည်ဖွံဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း) ပထမနှစ် တက်ရောက်မည့် သင်တန်းသား/သူများအား ထောက်ပံ့ငွေပေးအပ်ချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

 ရှေးဦးစွာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံဖြိုးရေး တက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၁၂)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း) ပထမနှစ် တက်ရောက်မည့် သင်တန်းသား/သူများက တစ်ဦးချင်း မိတ်ဆက်ဂါရဝပြုခဲ့ကြသည်။

ထိုနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သင်တန်းသား/သူများသည် နိုင်ငံတော် အစိုးရမှ အလေးထားဆောင်ရွက်လျက်ရှိသော နိုင်ငံအတွင်း လူ့စွမ်းအားအရင်းအမြစ်များ ဖွံဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်လျက်ရှိတဲ့ စီမံကိန်းတွေထဲက တစ်ခုအပါအဝင်ဖြစ်သည့် ပညာရေးဘွဲ(B.Ed) (၅)နှစ် သင်တန်းအမှတ်စဉ်(၁၂)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံဖြိုးရေးဒီဂရီ ကောလိပ် (ရန်ကုန်/စစ်ကိုင်း)စီမံကိန်းဝင် လူငယ်များဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ကြမည့် လူငယ် မောင်/မယ်များအား နိုင်ငံတော်မှ ကျောင်းအိပ်၊ ကျောင်းစားအဖြစ် ဘွဲ့ရပြီး အလုပ်အကိုင်ရသည်အထိ ထောက်ပံ့ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ မောင်/မယ်တို အနေဖြင့်လည်း နိုင်ငံတော်က အလေးထား ဆောင်ရွက်ပေးသလို နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာကို စောင့်သိထိန်းသိမ်းသွားရမှာဖြစ်သလို သင်တန်းအသီးသီးမှ ချမှတ်ထားသည့် ကျောင်းစည်းကမ်းများကို တိကျစွာလိုက်နာသွားကြရမှာဖြစ်ကြောင်း၊ အခြားသော တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ သင်တန်းသား/သူများကိုလည်း ညီအစ်ကို မောင်နှမလို သဘောထား ပြီး တစ်ယောက်၏ အခက်အခဲကို တစ်ယောက်က ကူညီဖြေရှင်းကာ ပြည်ထောင်စု စိတ်ဓါတ်ဖြင့် နေထိုင်သွားကြစေလိုကြောင်း၊ သင်တန်းများပြီးဆုံး၍ နိုင်ငံတော်ကခန့်အပ်မည့် နေရာဒေသအသီးသီးတွင် ကျရာတာဝန်များကို ဦးလည်မသုန် ထမ်းဆောင်ခြင်းဖြင့် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို ကျေပွန်စွာ ပြန်လည်ပေးဆပ်နိုင်သည့် သားကောင်း/သမီးမွန်များဖြစ်အောင် နိုင်ငံတော်က အားထားရသူများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

 ထိုနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံဖြိုးရေး တက္ကသိုလ် ပညာရေးဘွဲ (B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၁၂)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း) ပထမနှစ် တက်ရောက်မည့် သင်တန်းသား/သူများ ထောက်ပံ့ငွေကျပ်(၄၆)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ရာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဖွံဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)သို့ သင်တန်းသား/သူ(၁၀)ဦး၊ ဖွံဖြိုးရေးတက္ကသိုလ်(ရန်ကုန်)သို့ သင်တန်းသား/သူ(၂)ဦး၊ ဒီဂရီကောလိပ်သို့ သင်တန်းသား/သူ(၂)ဦး၊ စုစုပေါင်း(၁၄)ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


တင်စိုး(ပဲခူး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)