ကရင်ပြည်နယ်အတွင်း ဘေးသင့်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းများအား ဂုဏ်ပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်အတွင်း ဘေးသင့်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းများအား ဂုဏ်ပြု







ဘားအံ၊ အောက်တိုဘာ ၃၁

ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုနှင့် ရာဂီမုန်တိုင်းအရှိန်တို့ကြောင့် ဘေးဒဏ်သင့်ခဲ့သည့်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များအား ဂုဏ်ပြုသည့်အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ဂုဏ်ပြုပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ် ဇူလိုင်လနှင့် ဩဂုတ်လအတွင်း ပထမအကြိမ် ရေကြီးရေလျှံမှု၊ မြေပြို/ကမ်းပြိုမှုများဖြစ်ပွားခဲ့ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် ဒုတိယအကြိမ် ရေကြီးရေလျှံမှုနှင့် မြေပြို/ကမ်းပြိုမှုများ ထပ်မံဖြစ်ပွားခဲ့ရာ ဘေးသင့်ပြည်သူများအား ပြည်ထောင်စုအစိုးရအဖွဲ့၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်နယ်အစိုးရအဖွဲ့၊ စေတနာရှင်၊ အလှူရှင်များနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့က လိုအပ်သည့် ကူညီထောက်ပံ့မှုများကိုဆောင်ရွက်ပေး ခဲ့ကြောင်း၊ သဘာဝဘေးကျရောက်ချိန်တွင် ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ရပြီး အသိအမှတ်ပြုပါကြောင်း၊ အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို အစိုးရ၊ ပြည်သူ၊ အဖွဲ့အစည်းများ လက်တွဲညီညီပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘေးအန္တရာယ်ကို ရင်ဆိုင်တုံ့ပြန်နိုင်ကြပါစေကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည့် တပ်မတော်၊ ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များအား တစ်ဖွဲ့လျှင် ငွေကျပ်(၅)သိန်းနှုန်းဖြင့် (၁၃)ဖွဲ့အတွက် စုစုပေါင်း ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၆၅)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ရာ ဌာနဆိုင်ရာများနှင့်အသင်းအဖွဲ့များ ကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက် ခဲ့ကြသည့် တပ်မတော်၊တပ်ရင်း၊တပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များအား နေ့လည်စာဖြင့်တည်ခင်း ဧည့်ခံခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)