ကယားပြည်နယ်အစိုးရအဖွဲ့၏ သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) ဆွမ်းဆန်တော်၊ ဆီ၊ ပဲ ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်အစိုးရအဖွဲ့၏ သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) ဆွမ်းဆန်တော်၊ ဆီ၊ ပဲ ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ



လွိုင်ကော်၊ အောက်တိုဘာ ၁၇

ကယားပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) နေ့ဆွမ်းဆက်ကပ်ခြင်းနှင့် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ တက်ရောက်လာသူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ပြည်နယ်ဩဝါဒါစရိယ၊ သီရိမင်္ဂလာပုံဟော်ကြီး ကျောင်းဆရာတော်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တစန္ဒိမာထံမှ ငါးပါးသီလ ခံယူပြီး ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ချီးမြှင့်ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

ဆက်ကပ်လှူဒါန်းပွဲအား ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကြွရောက်လာကြသည့် သံဃာတော်အရှင်သူမြတ်များထံ လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ပြည်နယ်သံဃနာယကအဖွဲ့၊ အကျိုးတော်ဆောင် သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တသီဟနန္ဒထံမှ ရေစက်သွန်းချ တရားတော်နာယူခဲ့ကြပြီး နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယနေ့လှူဒါန်းပွဲတွင် ပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း (၆၉) ကျောင်းရှိ ရဟန်း၊ သာမဏေ၊ သီလရှင်စုစုပေါင်း (၃၁၆)ပါးတို့အတွက် စုစုပေါင်း တန်ဖိုးငွေကျပ် (၁၆,၂၅၉,၀၀၀) တန်ဖိုးရှိ ဆွမ်းဆန်တော်၊ ဆီ၊ ပဲများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယနေ့ အဘိဓမ္မာအခါတော်နေ့တွင် ညနေပိုင်းမှစ၍ လွိုင်ကော်မြို့၊ သမိုင်းဝင်မြို့နာမ်စေတီတော်မြတ်၌ ဆီမီး (၁၀,၀၀၀) ပူဇော်ခြင်း၊ ဧည့်ပရိတ်သတ်များအား စတုဒီသာများ ကျွေးမွေးခြင်းနှင့် မီးပုံးပျံများ လွှတ်တင်ခြင်းများကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး သီရိမင်္ဂလာတောင်ကွဲစေတီတော်မြတ်နှင့် စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၌ ဘုရားဖူးလာရောက်ကြသူများ၊ ဥပုသ်သီလဆောက်တည်ကြသူများနှင့် ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)