Tesla နှင့် SpaceX တို့၏ အမှုဆောင်အရာရှိချုပ် အီလွန်မက်စ် သည် စနေနေ့က ပြုလုပ်ခဲ့သည့် ဒေါ်နယ်ထရမ့် လူထုစုဝေးပွဲကို ပါဝင်တက်ရောက် ထောက်ခံအားပေးခဲ့ပြီး ဒေါ်နယ်ထရမ့်သည် ဒီမိုကရေစီကို ထိန်းသိမ်းမည့်သူဖြစ်ကြောင်း တင်စားပြောဆိုသွားခဲ့သည်။
စနေနေ့က ပင်ဆယ်ဗေးနီးယားတွင် ဒေါ်နယ်ထရမ့် က မိန့်ခွန်းပြောကြားစဉ် အီလွန်မက်စ် ကို မိတ်ဆက်ပေးခဲ့ပြီး
ထရမ့် ၏ မဲဆွယ်စည်းရုံးရေးဆောင်ပုဒ် “Make America Great Again” ဟူသော အမည်းရောင်ဘေ့စ်ဘောဦးထုပ်ကို ဝတ်ဆင်ထားသည့် အီလွန်မက်စ် သည် စင်မြင့်ပေါ်သို့ ချက်ချင်းခုန်တက် လာခဲ့သည်။
အီလွန်မက်စက် က "နိုဝင်ဘာလသမ္မတရွေးကောက်ပွဲကို ရည်ညွှန်း၍ ကျွန်ုပ်တို့ တစ်သက်တာ၏ အရေးကြီးဆုံးရွေးကောက်ပွဲဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းဖို့ သမ္မတ ထရမ့် အနိုင်ရရမယ်။ အမေရိကတွင် ဒီမိုကရေစီကို ထိန်းသိမ်းရန် သူအနိုင်ရရမည်” ဟု ရွှင်မြူးနေသော လူအုပ်ကြီးက “Elon Musk” ဟု ကြွေးကြော်နေစဉ် ဘီလျံနာသူဌေးက အလေးပေးပြောကြားခဲ့သည်။
Ref - RT
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment