ထားဝယ်၊ အောက်တိုဘာ ၃၁
ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှုနိုင်ရန်၊ စာပေ လေ့လာဖတ်ရှုခြင်းမှရရှိသောအသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေပေးနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံ ရေးဦးစီး ဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသောကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင် ရေးပွဲတော်ကို ယနေ့နံနက်(၈)နာရီတွင် ထားဝယ်မြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်း ကျောင်း၌ စည်ကားသိုက်မြိုက် စွာကျင်းပသည်။
ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင်၊တိုင်းဒေသကြီးအစိုးအဖွဲ့အတွင်းရေးမှူးဦးခင်မောင်ချိုနှင့်တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူးဦးဝင်နောင်တို့က ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးစုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ထို့နောက်ကျောင်းသား/သူများက ကဗျာလွတ်အက၊ ဘင်ခရာ၊ ပန်းပွားအက၊ ထားဝရသစ္စာတေးသီချင်းများနှင့်Finesse Dance အကများ၏ သီဆိုကပြဖျော်ဖြေနေမှုကိုတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို က ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆု ငွေများကိုအဖွဲ့ အလိုက် ချီးမြှင့်ပြီးကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ခင်းကျင်းပြသထားသည့်၊ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မှတ်တမ်းဓာတ်ပုံ များ၊စကား ရည်လုပြိုင်ပွဲ၊ အထက်တန်းအဆင့် နှင့် အလယ်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲများ၊ အထက်တန်း အဆင့် နှင့်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများ၊အလယ်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲ အနေဖြင့် ဆေးရောင် ခြယ်ပြိုင်ပွဲ၊ မြန်မာသတ်ပုံအမှန်ရွေးပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ ၊ အားကစားအနေ ဖြင့် ခါးကွင်းလှည့် ကစားနည်း၊ခွက်နင်းကစားနည်းများ နှင့် စာအုပ်များခင်းကျင်းပြသထားနေမှုကိုလှည့်လည်ကြည့်ရှု အား ပေးပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိများကပါဝင်ယှဉ်ပြိုင်သောကျောင်းသား/သူများအားရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကာ ကျောင်းသုံး ဗလာစာအုပ် များကို ပေးအပ်ခဲ့သည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ က ကျောင်းသား/သူများ၊ ဆရာ/မများ၊ သင်ကြားသင်ယူမှုတွင် အထောက်အကူဖြစ်စေရန်၊ ကျောင်းသား/သူများသည် စာကြည့်တိုက်မှတဆင့် အမျိုးသားယဉ်ကျေးမှုမြတ်နိုးစေရန်၊ အမျိုးဂုဏ်ဇာတိမာန်ထက်သန်စေရန်စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ထားရှိသည့်ကျောင်းစာကြည့်တိုက်အားကြည့်ရှု အားပေးသည်။
ယနေ့ကျင်းပသည့်ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ အခြေခံပညာအထက် တန်းကျောင်းအမှတ်(၆)မှကျောင်းသား/သူများ၊အခြေခံပညာကျောင်းမှလာရောက်လေ့လာသူများနှင့် ထားဝယ်မူလတန်း ကြိုကျောင်းမှသားငယ်သမီးငယ်များစုစုပေါင်း(၁၀၀၀)ဦးခန့်တက်ရောက်ခဲ့ကြပြီးပွဲတော်တွင်ခင်းကျင်းပြသထား သည့် ဓာတ်ပုံပြဘုတ်များနှင့်စာအုပ်ပြပွဲကိုစိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကာ ပြိုင်ပွဲ များတွင်ပျော်ပျော်ရွင်ရွင် ပါဝင်ဆင်နွဲ လျက်ရှိကြောင်းသတင်းရရှိသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment