ခင်ဦးမြို့နယ်တွင် အကြမ်းဖက်သမားများအား နှင့် ဆက်နွယ်သူများအား ပြစ်ဒဏ်များ ချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခင်ဦးမြို့နယ်တွင် အကြမ်းဖက်သမားများအား နှင့် ဆက်နွယ်သူများအား ပြစ်ဒဏ်များ ချမှတ်


ခင်ဦး၊ အောက်တိုဘာ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်တွင် ၃၀-၁၀-၂၀၂၄ ရက်တွင် တရားခံ(၂)ဦးအား စစ်အုပ်ချုပ်ရေး (Martial Law)စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။

ခင်ဦးမြို့၊ အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး ၎င်းထံ လုံခြုံရေးအဖွဲ့မှ တယ်လီဖုန်း ပြင်ရန် လာရောက်အပ်နှံထားကြောင်း ခင်ဦးမြို့နယ် အကြမ်းဖက် PDF ငမဲ(ခ) ဖိုးအောင်အား တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုခြင်း၊ အကြမ်းဖက် PDF များနှင့် ဆက်သွယ်မှုရှိပြီး တာဝန်ရှိသူထံ သတင်းပေးပိုရန်ပျက်ကွက်ခဲ့သည့်တရားခံ ဖြိုးသူအောင်အား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ၅၂(ခ) အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၇ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

အလားတူ ခင်ဦးမြို့၊ မြကန်သာရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက် PDF များအား သိရှိလျက်နှင့် လျှပ်စစ်ပစ္စည်းများရောင်းချပေးခြင်း၊ အကြမ်းဖက် PDF များမှ ၎င်း၏ ဈေးဆိုင်ခန်းရှေ့တွင် ဆိုင်ကယ်စီး၍ ဖြတ်သန်းသွားလာနေသည်ကို သိရှိလျက်နှင့် တာဝန်ရှိသူထံ သတင်းပေးပိုရန် ပျက်ကွက်ခဲ့သည့် တရားခံ ဇော်မျိုး အား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ၅၂(ခ)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)