နေပြည်တော်၊ အောက်တိုဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ စောပြာကျေးရွာနှင့်စိမ့်ကြီးကျေးရွာရှိ ဒေသခံ လူနေအိမ် ၂၀၀ နီးပါးကို နီးစပ်ရာကျေးရွာများသို့ ဖိအားပေးပြောင်းရွှေ့ခိုင်းလျက်ရှိကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းခဲ့ရာ ကျေးရွာရှိ လူနေအိမ်များ ပြောင်းရွေ့ရန်စေခိုင်းမှု လုံးဝမရှိကြောင်းနှင့် တရားမဝင်ပြည်ဖျက်မီဒီယာများမှ ပြည်သူများအထင်အမြင်လွဲမှားစေရန်နှင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ် စေရန် ရည်ရွယ်ချက်ရှိရှိ ကောလာဟလ သတင်းအမှားများဖြင့် လှုံ့ဆော်ဝါဒဖြန့်ဝေရေးသားခြင်း ဖြစ်ကြောင်း သိရှိရသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment