သီတင်းကျွတ်လပြည့်နေ့တွင် ချမ်းအေးသာစံမြို့နယ်ရှိ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း၌ ဧကဒသမအကြိမ်၏ (၁၃) ပတ်မြောက် စုပေါင်းဘုံဆွမ်းလောင်းလှူ - Myanmar National Post

Myanmar National Post

News Agency

Breaking

သီတင်းကျွတ်လပြည့်နေ့တွင် ချမ်းအေးသာစံမြို့နယ်ရှိ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း၌ ဧကဒသမအကြိမ်၏ (၁၃) ပတ်မြောက် စုပေါင်းဘုံဆွမ်းလောင်းလှူ



မန္တလေး၊ အောက်တိုဘာ ၁၇

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း (၈၀) ပေါ်ရှိ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း ဂေါပကအဖွဲ့က ဦးစီး၍   ဧကဒသမအကြိမ်မြောက် စုပေါင်းဘုံဆွမ်းလောင်းလှူပွဲကို အောက်တိုဘာလ ၁၇ ရက် (သီတင်းကျွတ်လပြည့်)နေ့ နံနက် ၆ နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါ ဘုံဆွမ်းလောင်းလှူပွဲတွင် မြတောင်တိုက်မှ သံဃာတော် အပါး(၂၅၀)တို့အား ပင့်ဖိတ်၍ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆွမ်း၊ ဆွမ်းဟင်းများ၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထု‌ငွေများ ဆက်ကပ်လောင်းလှူကြ‌သည်။

မန္တလေးမြို့‌ပေါ်ရှိ ကျောင်းတိုက်ကြီးများမှ သံဃာ‌တော်အပါး(၂၅၀)စီကို အလှည့်ကျပင့်ဖိတ်၍ နှစ်စဉ် ဝါတွင်းကာလ ဥပုသ်နေ့တိုင်း ဘုံဆွမ်းလောင်းလှူခဲ့သည်မှာ  ဆယ့်တစ်နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။


အောင်စံ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)