သဘာဝဘေးဒဏ်သင့်ဒေသများရှိ တိရစ္ဆာန်များအတွက် တိရစ္ဆာန်အစာထောက်ပံ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

သဘာဝဘေးဒဏ်သင့်ဒေသများရှိ တိရစ္ဆာန်များအတွက် တိရစ္ဆာန်အစာထောက်ပံ့

 



ဘားအံ ၊အောက်တိုဘာ ၅


ကရင်ပြည်နယ်အတွင်း ရာဂီမုန်တိုင်းဒဏ်ကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် သဘာဝဘေးဒဏ်သင့်ဒေသများရှိ တိရစ္ဆာန်များအတွက် တိရစ္ဆာန်အစာအိတ်များ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ယခုထောက်ပံ့ပေးသည့် တိရစ္ဆာန်အစာအိတ်များအား ရေဘေးဒဏ်ကြောင့်ကိုယ်ခံအားလျော့နည်းနေသည့် ကျွဲ၊ နွားများကိုအာဟာရဓါတ်ဖြည့်ပေးခြင်းဖြစ်၍ မွေးမြူသူများအတွက် အထောက်အကူဖြစ်စေကာ တိရစ္ဆာန်အစာများကို အလေအလွင့်မရှိအောင် စနစ်တကျအသုံးပြုပေးကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ဘားအံမြို့နယ်၊ လှိုင်းဘွဲမြို့နယ်၊ ဖာပွန်မြို့နယ် ကမမောင်းမြို့များရှိ သဘာဝဘေးဒဏ်သင့်ကျွဲနွားများအတွက် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေ ကျပ်သိန်း(၇၅၀)တန်ဖိုးရှိ နွားအစာနု(၅၀) ကီလိုဂရမ်ပါ အိတ်(၁၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြရာ မွေးမြူသူတောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။


ကရင်ပြည်နယ်အတွင်း ရာဂီမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်၍ သဘာဝဘေးဒဏ်သင့်ဒေသများတွင် နွား ၂၂ ကောင် သေကြေပျက်စီးခဲ့ပြီး ကျွဲ၊ နွား၊ ဆိတ် ၅၀၀၀ ကျော် ပြောင်းရွှေ့ပေးခဲ့ရကာ နွားများ သေကြေပျက်စီးမှုအတွက် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီမှလည်း ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

https://t.me/MyanmarNationalPost

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)